ဗန်းမော်  ၁၇ ဇူလိုင်     

    
ကချင်ပြည်နယ် လွှတ်တော်ဉက္ကဌ ဦးထွန်းတင်၊ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဗန်းမော်မြို့အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီး နှစ်မြုပ်၍ ဒုက္ခရောက်နေသော ကုန်းခါးကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာအုပ်စု၊ လက်ပန်တန်း ကျေးရွာနှင့် စာဝတီး ကျေးရွာအုပ်စုများသို့  စုစုပေါင်းခေါက်ဆွဲခြောက်(၅၆)ဖာ၊ ရေသန့် (၂၆၀) ကတ်၊ ဆန်အိတ် (၄၀)၊ ကြက်ဥကတ် (၅၀)နှင့် ထမင်းအထုပ် ၄၀ဝ တို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး မဆရ (၁၁)တပ်ဖွဲ့ဝင်များမှ ကုန်းခါးကျေးရွာအုပ်စု၊ လက်ပန်တန်းကျေးရွာအုပ်စုနှင့် စာဝတီး ကျေးရွာအုပ်စုများတွင် နာမကျန်းလူနာ စုစုပေါင်း (၃၅၂) ဦးတို့အား ဆေးကုသခြင်းများကို ဇူလိုင်လ (၁၆) ရက်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုမှာ ဇူလိုင် ၁၇ ရက် နံနက် (၁၀) နာရီ ဗန်းမော်မြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည်  ဗန်းမော်မြို့နယ်၏ စိုးရိမ်ရေအမှတ် (၁၂၀၇ စင်တီမီတာ)သို့ ရောက်ရှိပြီး မြစ်ရေပြန်လည် ကျဆင်းနေသည်ကို သိရှိရသည်။  


ဗန်းမော်မြို့နယ်အတွင်းရှိ  ကျောင်း (၁၁)ကျောင်းမှ ကျောင်းသား/သူများ ပညာသင်ကြားရန်အခက်အခဲရှိသဖြင့် ကျောင်းသား/သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် မြစ်ရေကျသည့်အထိ ကျောင်းများ ယာယီပိတ်ထားရပါကြောင်းနှင့် ပိတ်ရက်များအတွက်အစားထိုး ပြန်လည်သင်ကြားသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN