ဗန်းမော် ၃၀ ဇွန်
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ဧရာဝတီမြစ်ကြောင်း အတိုင်း ရေယာဉ်ခရီးဖြင့် သွားလာနေသည့် ရေယာဉ်စီးခရီးသည်များအား အသက်အန္တရာယ် ကာကွယ်နိုင်စေရေးအတွက် ရှပ်ပြေးရေယာဉ်များတွင် အသက်ကယ်ဝတ်စုံ(Life Jackets) များ ထားရှိရေးနှင့် ဝတ်ဆင်အသုံးပြုရေး အသိပညာခြင်းကို ဇွန် ၃ဝ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြို့မရပ်ရှိ မနောဇေယျာမန္တလာအမြန်ရေယာဉ် ရှပ်ပြေးဆိပ်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမင်းခိုင်က ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူအောင်နှင့် တပ်ဖွဲ့ဝင်များတို့က ဗန်းမော် - ရွှေကူ - ကသာသို့ သွားလာနေသည့် ရှပ်ပြေးရေယာဉ်စီးခရီးသည်များအား စက်မဲ့၊ စက်တပ် ရေယာဉ်တိုင်းတွင် အသက်ကယ်ဝတ်စုံ(Life Jackets)များ ထားရှိရေးနှင့် ဝတ်ဆင် အသုံးပြုရေး သရုပ်ပြအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)


