ဗန်းမော် ၁ ဒီဇင်ဘာ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် တိုင်းလိုင်(ရှမ်းနီ) ဗန်းမော်ခရိုင်လုံးဆိုင်ရာ ၂ဝ၁၄ ခုနှစ်၊ ရှမ်းနီရိုးရာနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူပွဲတော်ကို နိုဝင်ဘာ ၃ဝ ရက်နေ့ ညနေမှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ဗန်းမော်မြို့နယ် တာမိုင်းလုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၃ဝ ရက်နေ့ ညနေ ၅ နာရီတွင် အခမ်းအနား စတင်ဖွင့်လှစ်၍ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီတွင် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ၍ နံနက် ၁ဝ နာရီ ၃ဝ မိနစ်တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြပြီး ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့်ရွှေကူမြိုနယ်တို့မှ ရှမ်းနီတိုင်းရင်းသားများတို့က အကပဒေသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)