ဗန်းမော် ၂၀ မတ်
ကချင်ပြည်နယ် ဗန်းမော်မြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတ် ၂၀ ရက် နံနက် ၇ နာရီက မင်းကုန်းရပ်ကွက်ရှိ ကားလေးကွင်းအနီးတစ်ဝိုက်တွင် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဗန်းမော်ခရိုင်ပုဂ္ဂလိကပိုင်မော်တော် ယာဉ်လုပ်ငန်း၊ ယာဉ်များကြီးကြပ်မှုကော်မတီဉက္ကဌ ဦးတင်ဖေနှင့် တာဝန်ရှိသူများမှ မင်းကုန်းရပ်ကွက်ရှိ ကားလေးကွင်း၌ ဗန်းမော်-မြစ်ကြီးနား၊ ဗန်းမော်-လွယ်ဂျယ်၊ ဗန်းမော်-ရွှေကူ၊ ဗန်းမော်-မန္တလေးနှင့် ဗန်းမော်-ရန်ကုန် ခရီးစဉ်များတွင် ယာဉ်ကြီးယာဉ်ငယ်များဖြင့် ခရီးသွားလာကြမည့် ခရီးသွားပြည်သူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ဝင်းနိုင်(ကချင်မြေ)


