ဗန်းမော်၌ မြန်မာ့စီးပွားရေးဘဏ်အတွင်း ဓားကိုင်၍ငွေလုယက်သူအား နာရီဝက်အတွင်းဖမ်းမိ

ဗန်းမော် ၂၄  မေ
ကချင်ပြည်နယ် ဗန်းမော်မြို့၌ ယနေ့ညနေပိုင်းက  မြန်မာ့စီးပွားရေးဘဏ်အတွင်း ဓားကိုင်၍ ငွေလုယက်သွား သူအား ဗန်းမော်မြို့မရဲစခန်းမှ နာရီဝက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

a
 ဖြစ်စဉ်မှာ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်က ဘဏ်မန်နေဂျာ ဦးသိန်းကိုသည် ဘဏ်အတွင်းရှိ ငွေလက်ခံကောင်တာ (၄) တွင် ရုတ်ရုတ်သဲသဲ အသံများကြားရ၍ ရုံးခန်းမှသွားရောက်ကြည့်ရှုရာ အမည်မသိအမျိုးသားတစ်ဦးမှာ ဓားမြှောင်တစ်ချောင်း ကိုင်လျှက် ဘဏ်ဝန်ထမ်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေ၍ မေးမြန်းကြည့်ရာ ဘဏ်မှငွေများလုယက် ထွက်ပြေးသွားကြောင်း သိရသည်။

b
ဖြစ်စဉ်နှင့်ပတ်သက်၍ ဗန်းမော်မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ်စိုးဦး ဦးစီးရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍လိုက်လံရှာဖွေရာ ညနေ ၃ နာရီ ၄၅ မိနစ်တွင် အလယ်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဟိန္ဒူဘုရားကျောင်းအနီးတွင် ငွေလုယက်သူအား ၎င်းလုယူသွားသည့် ငွေကျပ်ငါးရာကျပ်တန်  ဆယ်အုပ်မှ ငွေကျပ်သိန်းငါးဆယ်နှင့်အတူ သက်သေသေခံပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သဖြင့် စစ်ဆေးမေးမြန်းရာ စလစ(၂)တပ်မှ ပစ္စည်းထိန်းစတိုးတာဝန်ခံ တပ်ကြပ်ကြီးအဆင့်ရှိ သက်ပိုင် ဆိုသူဖြစ်ကြောင်း သိရသည်။
 ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်မှ ငွေလုယက်သူ သက်ပိုင်အား ဗန်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်