နေပြည်တော် မေ ၁ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၃၀ ရက် ညနေ ၄ နာရီခွဲတွင် ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာအုပ်စု၊ စီဟဲကျေးရွာအနီး၊ ဗန်းမော်- မန္တလေး ကားလမ်းတွင် မကြွေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၄ ကီလို ကိုသိမ်းဆည်းရမိခဲ့သည်။
အလားတူ ထိုနေ့ မွန်းလွဲ  ၂ နာရီခွဲတွင်  မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်း ကျေးရွာအနီးတွင် အေးမင်းထွေး (ခ) မင်းမင်း (ခ) ခါလစ် မောင်းနှင်ပြီး အောင်ကိုမင်း (ခ) ဝေဇင်ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ ငွေကျပ် ၁,၅၀၀ ဒသမ ၇၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ၅၀,၀၂၆ ပြား ကို  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား