၂၉ အောက်တိုဘာ

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် တတိယသုံးလပတ်တွင် ဆုံးရှုံးမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး အလုပ်အကိုင်များပိုမိုလျှော့ချမည်ဖြစ်ကြောင်း Boeing လေယာဉ်ကုမ္ပဏီက ယမန်နေ့က ကြေညာခဲ့သည်။

 

ပြီးခဲ့သည့် ဧပြီလက အလုပ်အကိုင် ၁၆၀၀၀ လျှော့ချကြောင်း ကြေညာခဲ့သည့်အပြင် လာမည့်နှစ်ကုန်ပိုင်းတွင် အလုပ်အကိုင် ၁၄၀၀၀ ကျော် လျှော့ချရန် အမေရိကန်လေယာဉ်ကုမ္ပဏီက မျှော်လင့်ထားသည်။

 

ယခုအချိန်ထက် လေယာဉ်ဝယ်လိုအား ဆက်လက်ကျဆင်းမည်ဟု မျှော်လင့်ရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လေယာဉ်ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေခက်ခဲများ ကြီးမားလာသည်။

 

Boeing လေယာဉ်ကုမ္ပဏီ သည် သုံးလအတွင်း ဒေါ်လာ သန်း ၄၀၀ ခန့် အရှုံးရှိပြီး ရောင်းအား ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

 

အမေရိကန်လေကြောင်းလိုင်းလုပ်ငန်းသည် အခက်အခဲများစွာနှင့်ဆက်လက်ရင်ဆိုင်နေရသည်။

 

အမေရိကန်လေကြောင်းလိုင်းများနှင့် ယူနိုက်တက်လေကြောင်းလိုင်များသည် အလုပ်အကိုင် ၃၂၀၀၀ လျှော့ချခဲ့ကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို