၄ ဩဂုတ်

 

 

ဗြိတိသျှ ရေနံကုမ္ပဏီ BP က ဒုတိယ သုံးလပတ်မှာ အမေရိကန် ဒေါ်လာ ၁၆.၈၅ ဘီလီယံ နီးပါး အရှုံးပေါ်ကြောင်း ဒီနေ့(အင်္ဂါနေ့) မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စက်သုံးဆီ ဝယ်လိုအား ကျဆင်းသလို စက်သုံးဆီ ကုန်သွယ်ရေးမှာလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် စက်သုံးဆီ ထုတ်လုပ်ရေးနဲ့ ဈေးနှုန်းမှာလည်း စိန်ခေါ်မှုတွေကို ဆက်လက် ရင်ဆိုင်နေရကြောင်း BP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

၂၀၁၉ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်မှာ အမေရိကန် ဒေါ်လာ ၁.၈၂ ဘီလီယံ အသားတင် အမြတ်အစွန်း ရရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်မှာ အခွန်ဆောင်ပြီး အမေရိကန် ဒေါ်လာ ၁၆.၈၅ ဘီလီယံ အရှုံးပေါ်နေကြောင်း သိရပါတယ်။

 

 

စက်သုံးဆီ လိုအပ်မှုမှာ ၂၀၁၉ နဲ့ နှိုင်းယှဉ်လျှင် တစ်နေ့ကို စည်ပေါင်း ၉ သန်း ကျဆင်းကြောင်း ခန့်မှန်းထားပါတယ်။ ဗြိတိန်နိုင်ငံ BP ကုမ္ပဏီ ဝန် ၂,ဝ၀ဝ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ လုပ်သားပေါင်း ၁၀,ဝ၀ဝ ကို လုပ်အား လျှော့ချကြောင်း ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။

 

 

MDN

ကိုးကား- AFP

2356