mdn

၂၈ သြဂုတ်

 

ဗြိတိန်တေးဂီတအဖွဲ့ ''One Direction''ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ လီယမ်ပိန်းဟာ လတ်တလောမှာတော့ ကေပေါ့ပ်အမျိုးသား တေးဂီတအဖွဲ့ ''BTS''ရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာကို ဖောလိုးလုပ်ခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယား မီဒီယာတွေရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

 

သြဂုတ် ၂၆ ရက်မှာ လီယမ်ပိန်းက BTS အဖွဲ့ကို တွစ်တာစာမျက်နှာပေါ်မှာ ဖောလိုးလုပ်ထားတာကို စတင် သတိထားမိတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အတိတ်မှာလည်း လီယမ်ပိန်းဟာBTS နဲ့ပတ်သက်ပြီး မေးခွန်းများစွာ မေးမြန်းခံခဲ့ရသူဖြစ်ပြီး သူကိုယ်တိုင်ကလည်း ''One Direction''တေးဂီတအဖွဲ့မှာ ငယ်ရွယ်တဲ့ တေးသံရှင်တစ်ဦးအဖြစ် စတင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

 

အေးပြည့်