BTS ရဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ ဘောလိဝုဒ်ရက်ပ်တေးသံရှင်

၁ သြဂုတ်

 

တောင်ကိုရီးယားရဲ့  ကမ္ဘာကျော်  အမျိုးသား  တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့  “BTS “ဟာ  “Boy With Luv” တေးသီချင်းနဲ့ စတင်ထုတ်လွှင့်ပြီးနောက် ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံး တေးဗီဒီယိုအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။ လတ်တလောမှာ အဆိုပါစံချိန်ကိုဘောလိဝုဒ်ရဲ့ ရက်ပ်တေးသံရှင်တစ်ဦးက  ကျော်လွန်ခဲ့ကာ    စံချိန်သစ်တင်ခဲ့ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့  ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဘောလိဝုဒ်ရက်ပ်တေးသံရှင် ဘက်ရှာရဲ့ “Paagal” တေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၂၄ နာရီအတွင်း ကြည့်ရှုသူ ၇၅ သန်းကျော်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီစံချိန်ဟာကမ္ဘာတစ်ဝန်းက တေးသံရှင်တွေ ထုတ်လွှင့်ခဲ့တဲ့ တေးဗီဒီယိုတွေအနက် ၂၄ နာရီအတွင်း ကြည့်ရှုသူ အများဆုံးဖြစ်ခဲ့ပါတယ်။   “BTS”  “Boy With Luv”  တေးဗီဒီယိုကတော့၂၄  နာရီအတွင်း ကြည့်ရှုသူ ၇၄ ဒသမ ၆ သန်း ရရှိခဲ့ကာ လက်ရှိမှာတော့ ဒုတိယနေရာမှာ  ရပ်တည်နေတာဖြစ်ပါတယ်။

 

အေးပြည့်