သတင်း၊ဓာတ်ပုံ- ကိုကိုဇော်(MNA)

 

ရန်ကုန်-မေ ၁၆

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓ ဘာသာ အဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီတွင် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်  အောက်ပစ္စယာရာဟုထောင့်ရှိ မဟာဗုဒ္ဓဝင်ပြခန်း ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဂေါပကအဖွဲ့ဝင်များ ဆုထူးပန်အဘိဓမ္မာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဦးဌေးလွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာကြီး ဦးဟန်(မဟာသဒ္ဓ မ္မဇောတိကဓဇ)နှင့် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

 

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပ တိ ဦးတင်ဝက အမှာစကားပြောကြာသည်။

 

ထို့နောက် ဆုထူးပန်အဘိဓမ္မာပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဦးဌေးလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများကို ပြောကြားပြီး သင်တန်းနည်းပြဆရာကြီး ဦးဟန်(မဟာသဒ္ဓမ္မဇောတိကဓဇ)က သင်တန်းဖွင့်လှစ် သင်ကြားရခြင်းနှင့် ပတ်သက်၍ မုဒိတာစကားပြောကြားသည်။

 

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀)တက်ရောက်ကြပြီး သင်တန်း ကာလမှာ ယနေ့မှ မေ ၂၇ ရက်အထိ ရက်သတ္တပတ် ၂ ပတ် ကြာမြင့်မည် ဖြစ်သည်။

 

အဆိုပါ သင်တန်းကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စလုပ်ငန်းများဆောင်ရွက်ရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံစံများကို သိရှိလိုက်နာစေရန်၊ ကိုယ်ကျင့်သီလပိုမို စောင့်ထိန်းလာနိုင်စေရန်နှင့် အများပြည်သူနှင့် ဆက်ဆံပြောဆိုရာတွင် ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)