မြင့်စိုး(နတလ)
ရှိခိုးဦးတင်ကန်တော့ပန်းဆင်လျက်
ဆောင်းပါးများအားလုံး ရေးသားပြီးချိန်တွင် မှီငြမ်းစာအုပ်များစာရင်း ဖော်ပြပေးပါမည်ဟု ကျွန်တော်ရှေးဦးစကားဆိုခဲ့ဖူးပါသည်။ ခရီးစဉ်အစမှအဆုံးအထိဖူးမြော်ကြည်ညို ကြည့်ရှုလေ့လာခွင့်ရခဲ့သည့် နေ့ရက်နေရာအလိုက် ဆရာတော်အရှင်သူမြတ်တို့၏ ဟောကြားညွှန်ပြမှုများ၊ အောင်ချမ်းသာဘုရားဖူးအဖွဲ့မှ MD ဒေါ်သဇင်မြင့်အောင်၊ ဦးသိန်းမြင့်နှင့် ညီတော်မောင်ဝေဖြိုးတို့၏ မော်တော်ယာဉ်ပေါ်မှာ ရှင်းလင်းပြောကြားမှုများကို နာယူမှတ်သားခဲ့ရပါသည်။ အချိန်အတိုင်းအတာအရ ယင်းသို့မှတ်သားမိသလောက်နှင့်တော့ ကျွန်တော်ဆောင်းပါးများရေး၍ ရမည်မဟုတ်ပါ။ ဗုဒ ̈ဂယာကိုရောက်ဖူးသူများ ပြန်လည်အမှတ်ရ ပြီး ကြည်ညိုသဒ ̈ါပွားနိုင်စေဖို့၊ မရောက်သေးသူများ၊ သွားရန်အားခဲထားသူများ၊ သွားဖို့စီစဉ်ပြီးသူများအတွက်လည်း ကြိုတင်မှန်းဆ ကုသိုလ်ပြုနိုင်စေဖို့ရည်သန်လျက် ခရီးသွားဆောင်းပါးများရေးသားခဲ့ရာတွင် အဓိက မှီငြမ်းကိုးကားဖော်ပြခဲ့ရသော စာအုပ်နှစ်အုပ်ရှိပါသည်။ တစ်အုပ်က ရဟန်းဘွဲ့တော် အရှင်ပုညာနန ́ဟု အမည်ရသော မဟာသဓာ (မဂဓတက္ကသိုလ်)ရေးသားထားသည့် ဗုဒ ̈ဘာသာဝင်တို့၏ အထွတ်အမြတ်နေရာ မဇ္ဈိမဒေသဖြစ်သည်။ နောက်တစ်အုပ်မှာ ဒေါက်တာအရှင်နန္ဒကရေးသား သည့် မဇ္ဈိမဒေသ သံဝေဇနိယ လေးဌာနနှင့် ြွကင်းကျန်လျက်ရှိကြသော အိန ́ိယရှေးဟောင်း ဗုဒ ̈ဘာသာအမွေအနှစ်များ စာအုပ်ဖြစ်သည်။ ဒေါက်တာအရှင်နန္ဒကသည်နာလန္ဒာ တရုတ်မြန်မာ ကျောင်းမှ တိုက်အုပ်ဆရာတော်ဖြစ်သကဲ့သို့ ကျွန်တော်တို့ဘုရားဖူးအဖွဲ့၏ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ခရီးစဉ်တွင် လိုက်ပါရှင်းလင်းဟောကြားပြသပေးသော ဆရာတော်ဖြစ်သည်။ ဆရာတော်များ ၏ ဟောကြားမှုများ၊ တာဝန်ရှိသူများ၏ ရှင်းလင်း ပြောကြားမှုများကို မှတ်သား၍ စာအုပ်ပါ အချက်အလက်များနှင့် ပြန်လည်တိုက်ဆိုင်စိစစ်ပြီး ယခုကဲ့သို့ဆောင်းပါးများရေးသားနိုင်ခဲ့ခြင်းအတွက် စာရေးသူအရှင်နှစ်ပါးအား ရိုသေလေးမြတ်စွာ ရှိခိုးဦးတင်လိုက်ရပါသည်ဘုရား။
ကျွန်တော်တောသား ကားမမူးတော့ပါ
၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ အစပြုဆွေးနွေးတိုင်ပင်ခဲ့ကြသော သည်ခရီးစဉ်။ ထိုအချိန်မှစ၍ အမည်စာရင်း တွေပေးကြ၊ Passport တွေလုပ်ကြ၊ ထည့်ဝင်ရမည့်ငွေကြေးတွေ တွက်ကြ ချက်ကြလုပ်နေချိန်မှာ ကျွန်တော်က သည်ခရီးစဉ်ကိုမလိုက်ပါဟု အကြောင်းပြန်ထားလိုက်သည်။ ကိုယ့်ဝမ်းနာကိုယ်သာသိသည်မဟုတ်ပါလား၊ ကျွန်တော့်တွင် မကောင်းသောအကျင့်တစ်ခုရှိ၏။ ကားကိုကိုယ်တိုင်မောင်းလျှင် ဘယ်တော ဘယ်တောင် ဘယ်နှကွေ့ပဲတက်ရတက်ရ ကားမမူး တတ်ပါ၊ သည်လိုမဟုတ်ဘဲ သူများမောင်းသည့်ကား ဘေးမှထိုင်စီးလျှင် ကျွန်တော်အန်ပါတော့သည်။ အန်တာမှ ရုပ်ပျက်ဆင်းပျက်၊ တပည့်တွေကို ကျောကုန်းထုပေးပါဦးဟ၊ ရေတိုက်ပါဦးဟနှင့် အားလုံးကိုအလုပ်ရှုပ်စေခဲ့သည်။ ဝန်ထမ်းဘဝမှ အငြိမ်းစားမယူခင်နယ်မြေဒေသများသို့ ကွင်းဆင်းဆောင်ရွက်သည့်အခါ ခ္တီး-နမ့်ဖာ-တိုက်တီး-တကားလို ရေလမ်းခရီးမှအပ ကားစီးသည့်အခါတိုင်းအန်သည်။ ကိုအောင်ထင်ကျော်နှင့်သွားသည့် ဆင်သေ-လဟယ်လမ်းမှာ ထိန်ညိုတောင်သို့အတက် ကားပေါ်မှဆင်း၍ ဆိုင်ကယ်ကယ်ရီနောက်ကို ပြောင်းစီးခဲ့ရသည်။ ညီတော်မောင်ကိုအောင်ဆန်းဦးနှင့် ချင်းပြည်နယ်ခရီးစဉ်မှာလည်း တဝေါဝေါနှင့် ကိုအေးကိုနှင့် သွားခဲ့သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသက မော်ဖ(ခေါ်)မက်မန်းဒေသခရီးမှာလည်း ရောက်ချင်လွန်း၍သာ သွားခဲ့ရသည်။ ကျိုင်းတုံနှင့် မိုင်းပျဉ်းအကြား တောင်တွေစတက်ကတည်းက အခြေအနေသိပ်မဟန်တော့ပါ။ ညွှန်ကြားရေးမှူး(ငြိမ်း) ကိုညီညီလွင်နှင့်အတူသွားခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ ဟိုမိန်း ခရီးစဉ်မှာ တာဆွတ်တိန်းကူးတို့ဆိပ်သို့ မရောက်မီကျောက်တောင်ကွေ့၌ အန်ခဲ့ရသည်ကို ယနေ့တိုင်မမေ့ခဲ့။ ဤလိုပုံနှင့် မိုးကြီးချုပ်လျှင် အကျွန်ုပ်သည်အိနိ ́ယနိုင်ငံ ဗုဒ ̈ဂယာ ဘုရားဖူးခရီးစဉ်က ရှည်လျား များပြားလှသော မော်တော်ကားခရီးစဉ်များကိုအဘယ်ကဲ့သို့ရင်ဆိုင်ရပါမည်နည်း။ ကိုယ့်ကြောင့်သူတစ်ပါး စိတ်အနှောင့်အယှက်ဖြစ်မည်၊ ခရီးဖင့်နွှဲကုန်မည်စိုး၍ မလိုက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ သို့တစေ ငြင်း၍မရပါ၊ အတင်းခေါ် ကြသည်၊ ကားရှေ့ပိုင်းနေရာကို စီစဉ်ပေးပါမည်ဟု ပြောလာသည်။ လူ့ဘဝ တိုတိုလေးမှာ ဗုဒ ̈မြတ်စွာဘုရားပွင့်တော်မူရာ အ မွန်မြတ်ဆုံးသောဒေသကိုတော့ဖြင့် အခွင့်သာနေခိုက်၊ ကျန်းမာရေးကောင်းနေခိုက် ရောက်ဖူးသင့်တာတော့အမှန်ပင်ဖြစ်၏။ သည့်အတွက်ကြောင့် ကျွန်တော်ဆေး ရှာရပြီ။ B6 တွေစား၊ ချင်းတက်တွေဝါး၊ ချက်နားကိပလာစတာကပ်ရုံမျှဖြင့်တော့ မရသည်ကို ကိုယ့်ဟာကိုယ်သိနေသည်။ ဘုရားဖူးလိုက်ရန် သူငယ်ချင်းများ နှင့် အထုံရေစက်ပါလာလို့ပဲ ဖြစ်မည်။ စတုဂျရွန်(Stugeron) ဆေးကိုတွေ့ခဲ့သည်။ ဆေးကတ်ကိုဝယ်၍ ပူတာအိုဒေသက မချမ်းဘော့- မဂွေဇ- ခေါင်လန်ဖူး ကားလမ်းခရီးမှာ ကျွန်တော်စမ်းခဲ့သည်။ ကားမစီးမီ၁၅ မိနစ်ခန့်ကြိုဝါးထားလိုက်ပါက တစ်နေကုန် အဆင်ပြေသည်။ မိဂဒါဝုန်မှ သာဝတ္ထိလို မိုင် ၂၀ဝ ကျော်သွားရသောခရီးမျိုးသော်မှ နှစ်ကြိမ်ခန့်သာ သောက်ရပါသည်။ ခရီးစဉ် ၁၂ ရက်လုံး အဆင်ပြေ စိတ်ချမ်းသာစွာ သွားလာဖူးမြော်ကန်တော့နိုင်၍ ကျွန်တော်ကဲ့သို့(တောသားမဟုတ်သည့်တိုင်) ကားမူးတတ်သူများ ဆောင်ထားနိုင်ကြပါရန် ကုသိုလ်ဖြစ်မျှဝေအသိပေးလိုက်ရပါသည်။
နာလန္ဒာမှ ဂယာမြို့သို့ပြန်အဝင်
အောင်ချမ်းသာဘုရားဖူးအဖွဲ့၏ အစီအစဉ်အရ လက်ယာရစ်ထွက်ခဲ့သော ကျွန်တော်တို့အဖွဲ့မိသားစုဝင် ၈၅ ဦး၊ လက်ဝဲရစ် ထွက်ခွာသွားခဲ့သော အခြားအဖွဲ့ဝင် ၆၄ ဦး စုစုပေါင်း၁၄၉ ဦးတို့သည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မွန်းလွဲပိုင်း တွင် ဂယာမြို့လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အဖွဲ့က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နာလန ́ာမှ ဂယာမြို့သို့ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ ထိုသို့ ဝင်ရောက်ခဲ့ကြရာတွင် ကြည့်လေ့လာရန်၊ ဖူးမြော်ကြည်ညိုရန် ကျန်နေသေးသော နေရာဖြစ်သည့် ရာဇဂြိုဟ်ပတ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြသည်။ ရှေးဦးစွာ ဗိမ္ဗိသာရ မင်းကြီးအား သားတော်အဇာတသတ်က အကျဉ်းချထားသော၊ အစာရေစာအငတ်ထား၍ နောက်ဆုံးတွင် အာဏာပါးကွက်သား တို့က ခြေဖဝါးကိုဓားဖြင့်ခွဲ ရှားမီးခဲရဲရဲတင်ကာ သတ်ဖြတ်ခဲ့သော အကျဉ်းထောင်နေရာကို ရောက်ရှိခဲ့ကြ သည်။ အဆိုတော်ကြီး ဒေါ်မာမာအေး၏သီချင်းကိုငယ်စဉ်ကပင် နားရည်ဝခဲ့သည်မို့ ဖြစ်စဉ်အားလုံးကတော့ သိပြီးဖြစ်ပါသည်။ သို့သော်အကျဉ်းထောင်အတွင်း ၁၀ ပေပတ်လည်လောက် အခန်းကျဉ်းလေး ထဲကနေ လှမ်းမျှော်ကြည့်လိုက်ပါက မြတ်စွာဘုရာ း သီးတင်းသုံးနေထိုင်ရာ ဂိဇ္ဈကုဋ်တောင်ကို တွေ့မြင်နေရ ကြောင်း၊ အစာရေစာများဖြတ်တောက်၍ အငတ်ထား သည့်တိုင် ဘုရားရှင်ရှိရာ သို့ရည်မှန်းကာ အဟောဗုဒေ ̈ါ၊ အဟောဓမ္မော၊ အဟောသံဃော အစချီသည့် ဘုရာ းဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တည်း ဟူသော ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတို့ကိုအောက်မေ့ဆင်ခြင်လျက် စင်္ကြံလျှောက်ရင်း အသက်ဆက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် စင်္ကြံမလျှောက်နိုရန် ခြေဖဝါးဓားခွဲခဲ့ခြင်းဖြစ်ကြောင်း သိခွင့်ရခဲ့သည်။ ဤနေရာအရောက်တွင် ကံကြီးငါးပါးထိုက်သည့်မာတုဃာတက ဟုခေါ်သည့် အမိကိုသတ်ခြင်း၊ ပိတုဃာတက အဖကိုသတ်ခြင်း၊ အရဟ္တဃာတက ရဟ္တာကိုသတ်ခြင်း၊ သံဃဘေဒက သံဃာကို သင်း ခွဲခြင်း၊ လောဟိတုပ္ပါဒက ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုလုပ်ခြင်းတည်းဟူသော အပြစ်တို့သည်အပါယ်ငရဲမှအပ အခြားလားရာမရှိကြောင်းကို ပြန်လည်သတိပြုဆင်ခြင်မိပါသည်။
ထိုမှ ပဏ္ဍဝတောင်ခြေသို့သွား၍ ကျောက်ဖျာပေါ်တွင်ထင်ကျန်ရစ်ခဲ့သော လှည်းဘီးရာများကို ကြည့်ရှုလေ့လာကြပါသည်။ အနက် ခြောက်လက်မမှ တစ်ပေခန့်အနက်ထိရှိနေသော လှည်းလမ်းကို အရှည်ပေ ၂၀ဝ ခန့် တွေ့ခဲ့ရသည်။ ယင်းလှည်းဘီးရာများနှင့်ပတ်သက်၍ ဒဏ္ဍာရီဆန်ဆန် ဆိုရိုးစကားများ များစွာ ရှိခဲ့သည်။ အဇာတသတ်မင်းက ဝေသာလီပြည်ကိုတိုက်ခိုက်ရန်မသွားမီ မဂဓ စစ်တပ်ကြီး စစ်ရေးလေ့ကျင့်ခဲ့သော လှည်းဘီးရာများဟုလည်းဆိုကြ၏။ ဖြစ်နိုင်ခြေရှိသည်မှာ မဂဓနိုင်ငံအတွင်း ရောင်းဝယ်ဖောက်ကားမှုစည်ကားများပြားသဖြင့် ထင်ကျန်ရစ်ခဲ့သော လှည်းဘီးရာများဖြစ်ဖို့များပါသည်။
သုဇာတာ ဃနာနို့ဆွမ်းကပ်လှူသည့်နေရာ
ဗကရောဟုခေါ်သည့် ရွာလေးအနီးတွင်ရှိပါ သည်။ သုဇာတာသူဌေးသမီးသည် ထိုအရပ်ဒေသရှိညောင်ပင်တွင် အမျိုးကောင်းသားနှင့်ထိမ်းမြားခွင်ရရန်၊ သားဦး ယောကျာ်းလေး မွေးဖွားလာစေရန်ဆုပန်ခဲ့ရာ ဆုတောင်းပြည့်သဖြင့် နှစ်စဉ်ဆွမ်းဘောဇဉ်များ ဆက်ကပ်ခဲ့သည်။ မြတ်စွာဘုရား ပွင့်မည့်နေ့၌ လည်း ထိုညောင်ပင်အောက်၌ပင် ဃနာနို့ဆွမ်းကပ်လှူ ခွင့်ရခဲ့သည်။ ထိုနေ့က ကပ်လှူသော ဃနာနို့ဆွမ်းကို၄၉ လုတ် ဘုဉ်းပေးတော်မူပြီးနောက် သတ္တသတ္တာဟ ခုနစ်ဌာန၌ ၄၉ ရက်တိုင်တိုင် ဖလသမာပတ်ဝင်စား၍ နေတော်မူခဲ့ကြောင်း မှတ်သားသိရှိရပါသည်။ အမှန်တကယ်ဆွမ်းကပ်လှူခဲ့သောနေရာမှာ လက်ရှိနေရာမှမလှမ်းမကမ်းတွင်ရှိကြောင်း၊ အခြားဘာသာဝင်များ ၏ ဘုရားကျောင်းတစ်ခုရှိနေ၍ တူးဖော်မှုမပြုခြင်းဖြစ်ကြောင်း သိရပါသည်။
ကမာကူရပုံတူရုပ်ပွားတော်ကြီး
ဂျပန်ဘုရားကြီးဟု လူသိများထင်ရှားပါသည်။ မဟာဗောဓိစေတီတော်၏ အနောက်တောင်ဘက်ယွန်းယွန်း နှစ်ကီလိုမီတာအကွာခန့်တွင် တည်ရှိပါ သည်။ ၁၉၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံ ဒိုင်ဂျိုကျို ဗုဒ ̈ဘာသာအဖွဲ့ကြီးမှ တည်ဆောက်ပူဇော်ခဲ့ရာ ၁၉၈၉ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် ရုပ်ပွားတော်မြတ်ကြီး၏ ဝဲယာ၌ ရပ်တော်မူ ရဟ္တာ ငါးဆူစကို မုဒြာအမျိုးမျိုးဖြင့် ထပ်မံတည်ထားကိုးကွယ်ခဲ့ပါသည်။
ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြစေဖို့
ဘုရားဖူးခရီးစဉ်ရက်များအတွင်း ခေတ္တတည်းခိုနေထိုင်ရာ ဘုန်းတော်ကြီးကျောင်းများမှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်သူတွေရှိခဲ့သည်။ ထိုအလှူရှင်တွေထဲမှာ သူငယ်ချင်းဦးကောင်းစံဦး ဇနီး ဒေါ်နီလာအေးမိသားစု၊ ဦးသိန်းဦး ဇနီးဒေါ်ခင်မာဝင်း မိသားစု၊ ဦးလွင်နိုင်ဝေ ဇနီး ဒေါက်တာသန်းသန်းမြင့် မိသားစု၊ ဦးစိန်ဝင်း ဇနီး ဒေါ်ခင်အေးသွင် မိသားစု၊ သူရဦးစန်းလွင် ဇနီး ဒေါ်မာလာကျော်မိသားစု၊ ဦးသန့်ဇော် ဇနီး ဒေါက်တာ တင်မိုးသန်း မိသားစုတွေအပြင် သူငယ်ချင်း ကောင်းစံဦး ကတစ်ဆင့် လှူဒါန်းလာသော ဦးရန်မိုးလျန် မိသားစုပါဝင်လာသဖြင့် အံ့ဩခဲ့ရသေးသည်။ ထိုကဲ့သို့ ဆွမ်းအလှူများအပြင် ဦးသိန်းဦး မိသားစု၊ သူရဦးစန်းလွင်မိသားစုနှင့် ကျွန်တော်တို့ စစ်တက္ကသိုလ် အမှတ်စဉ်(၂၂) မိသားစုများအမည်ဖြင့် ဆောက်လုပ်ဆဲ ကုသိနာရုံဘုန်းကြီးကျောင်းတွင် အခန်းသုံးခန်းလှူခဲ့သည်။ ထို့အပြင် ရောက်လေရာ ဘုန်းကြီးကျောင်းများတွင်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများထည့်ဝင်လှူဒါန်းကြသည်။ ဤအလှူဒါနအစုစုတို့၏ ကုသိုလ်အဖို့ဘာဂကို စာချစ်သူအပေါင်းတို့လည်း အညီအမျှရရှိစေဖို့ အမျှပေးဝေလိုက်ပါသည်။ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေသတည်း။ ။ ကြေးမုံ