ပဲခူး  ၁၁  ဇန်နဝါရီ 

 

ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန်အတွက် မလွတ်ကင်းသည့် မြေပိုင်ရှင်များထံ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ  ၅  နာရီအချိန်ခန့်က ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က မိမိတို့အနေဖြင့် တောင်သူလယ်သမားများ ထိခိုက်နစ်နာမှုမရှိအောင် မြေယာများအား တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားချက်များအတိုင်း စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး လုပ်ပိုင်ခွင့်ရရှိသောသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပဲခူးမြို့နယ် လှော်ကားကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၈၀-ခ)၊ လှော်ကားအနောက်ကွင်း၊ ဧရိယာ ၁၆၄ ဒသမ ၁၇ ဧကပေါ်တွင် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန်အတွက် မလွတ်ကင်းသည့် မြေ  ၁၂ ဒသမ ၈၄ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သိန်း ၂၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၅၆ သိန်း ရှစ်သောင်းအား မြေပိုင်ရှင်သုံးဦးထံသို့ တာဝန်ရှိသူများက မြေယာလျော်ကြေးငွေ ပေးအပ်ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)
 

 

_DSC8790