ပါရီ၊ အောက်တိုဘာ ၁၈

 

ပြီးခဲ့သည့် သောကြာနေ့က ပြင်သစ်နိုင်ငံ စာသင်ကျောင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွား ပြီးနောက်  လိုင်လီ၊   လီယွန်နှင့် တလူ့စ် လေဆိပ်များတွင်  ဗုံးထားရှိသည်ဟူသော ခြိမ်းခြောက်မှုများ အောက်တိုဘာ  ၁၈ ရက် လက်ခံ ရရှိခဲ့သည်။

 

ထို့နောက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်ဟု ဘီအက်ဖ်အမ်တီဗွီတွင် ဖော်ပြထားသည်။ နိုက်စ်လေဆိပ်တွင်လည်း အလားတူခြိမ်းခြောက်မှုမျိုးရရှိခဲ့သည်။ Terminal 1 တွင် ကျန်ရစ်ခဲ့သည့် ခရီးဆောင်အိတ်တစ်လုံးဖြစ်ကာ အဆိုပါအိတ်ကို ဖယ်ရှားလိုက်ပြီး ဖြစ်သည်ဟု ဘီအက်ဖ်အမ်တီဗွီတွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် သောကြာနေ့ကလည်း ပြင်သစ်နိုင်ငံမြောက်ပိုင်း စာသင်ကျောင်းတစ်ကျောင်းတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် ဆရာတစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်သူကိုလည်း ချက်ချင်းဖမ်းမိခဲ့သည်။ အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ တိုက်ခိုက်သူမှာ အိုင်အက်စ်အဖွဲ့ကို သစ္စာခံထားကြောင်း ၎င်း၏ဖုန်းအတွင်း အသံဖိုင်တွင် တွေ့ရှိခဲ့သည်ဟု ပြင်သစ်အကြမ်းဖက်တိုက်ဖျက်ရေးရှေ့နေ ယန်း-ဖရန်ကော့စ်က ပြောသည်။

 

ဆင်ဟွာ