၂၂ ဧပြီ
ဆက်တိုက်ဗုံးပေါက်ကွဲမှုများကြောင့် လူပေါင်း ၂၀ဝကျော် သေဆုံးခဲ့ရာ သီရိလင်္ကာနိုင်ငံမှ ဂျပန်ကမ္ဘာလှည့်ခရီးသွားများ ပြန်လည်ထွက်ခွာလာခဲ့သည်။

ကိုလံဘိုမြို့တော်မှ ခရီးသည်တင်လေယာဉ်တစ်စင်းမှာ တိုကျိုမြို့အနီးရှိ နာရီတာလေဆိပ်သို့ တနင်္လာနေ့ နံနက်အစောပိုင်းက ဆိုက်ရောက်လာခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီး ၁၀ နာရီခန့်အကြာ ဒေသစံတော်ချိန် ညနေ ၇နာရီ မိနစ် ၃၀ ခန့်တွင် အဆိုပါ ဂျက်လေယာဉ်သည် ကိုလံဘိုမြို့တော်မှ ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်ရပ်မဖြစ်ပွားမီ တစ်ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဘုရားရှိခိုးကျောင်းများအနက် ဘုရားရှိခိုးကျောင်းတစ်ခုအနီး သူမရှိနေခဲ့ကြောင်း၊နောက်တစ်နေ့တွင် ယင်းနေရာ၌ရှိနေပါက သူမသည်လည်း ဗုံးပေါက်ကွဲမှုတွင် ပါဝင်ခဲ့ဖွယ်ရှိကြောင်း အသက် ၅၄ နှစ်အရွယ် ဂျပန်ကမ္ဘာလှည့်ခရီးသွားတစ်ဦးက ပြောကြားသည်။
အသက်၂၆ နှစ်အရွယ် လူတစ်ဦးက ပေါက်ကွဲမှုများအပြီးတွင် ဟိုတယ်အခန်းတွင်း၌နေထိုင်ရန် ၄င်း၏ဧည့်လမ်းညွှန်က ပြောကြားခဲ့သည်ဟု ဆိုသည်။ ၄င်းသည် ဟိုတယ်ကို တိုက်ခိုက်ခံရမည်ကို စိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။
အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှလည်း ဂျပန်နိုင်ငံသို့ ပြန်မလာနိုင်မည်ကို စိုးရိမ်ပူပန်ခဲ့ကြောင်း၊ ကိုလံဘိုမြို့ရှိလေဆိပ်တွင် လုံခြုံရေးတင်းကျပ်ပြီး လူများပြည့်နှက်နေကြောင်း၊ အခြေအနေမှာ ရှုပ်ထွေးပုံပေါ်ကြောင်း ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်