ကျောက်ပန်းတောင်း ၃၁ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် ဝန်ထမ်းများပူးပေါင်းကာ ဒေါက်တာမတင်ဝင်း ရေးသားသည့် အလုပ်ဆိုတာ အင်အားပါ စာအုပ်နှင့်ပတ်သက်၍ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအဖွဲ့(Book Club) ဥက္ကဌနှင့် အဖွွဲ့ဝင်များ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)