လှိုင်းဘွဲ ၂၃ နိုဝင်ဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ Book Ckub အဖွဲ့နှင့် စာပေဝါသနာများ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ Book Ckub အဖွဲ့ဝင် ဒေါ်နန်းညွန့်ညွန့်ခင်က စာရေးဆရာ မောင်မင်းစိုး ရေးသားသော လူငယ်နဲ့လူမှုရေး စာအုပ်တွင် လူငယ်နဲ့ပြိုင်ပွဲ ခေါင်းစဉ်ပါ အကြောင်းအရာများကို အစချီဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအချင်းချင်း စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအလိုက် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


