ရန်ကုန် ၆ မတ်
ယနေ့နံနက်ပိုင်းမှ စတင်၍ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမှုများ စတင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အ.ထ.က(၂) စမ်းချောင်းသို့ စာမေးပွဲဖြေဆိုရန် ကျောင်းလွဲမှား ရောက်ရှိလာသည့် ကျောင်းသားအား ကျောင်းရှေ့တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၄၂) မှ တပ်ဖွဲ့ဝင်များက အဆိုပါ ကျောင်းသား ဖြေဆိုရမည့် အ.ထ.က(၂) ကြည်မြင့်တိုင်သို့ မီးတန်းဆိုင်ကယ်ဖြင့် အချိန်မီပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ ကြည်မြင့်တိုင် အ.ထ.က (၂) သို့ ကျောင်းလွဲမှား ရောက်ရှိလာသည့် ကျောင်းသူ(၂)ဦးကိုလည်း အချိန်မီစာမေးပွဲဖြေဆိုနိုင်ရန်အတွက် အ.ထ.က (၂)ကျောင်းရှေ့တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှင့် သက်ဆိုင်ရာ တာဝန်ကျတပ်ဖွဲ့ဝင်များက မီးတန်းယာဉ်ဖြင့် ၎င်းတို့ ဖြေဆိုရမည့် ကြည့်မြင်တိုင် အ.ထ.က (၁) သို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သိရသည်။
MDN


