ရေဦး ၁၈ မတ်
ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ စာစစ်ဌာန ၁၅ ခုတို့တွင် အသီးသီး ကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်မဖြစ်စေရေးအတွက် လူစည်ကားရာ ဈေးကြီးဝန်းကျင်နှင့် စာစစ်ဌာနနှင့် နီးရာလမ်းဆုံ လမ်းခွများတွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး၊ အများပြည်သူသွားလာမှု အဟန့်အတားမဖြစ်စေရေး သီးခြားလမ်းများ စီစဉ်ပေးခြင်း၊ မြို့နှင့် အလှမ်းကွာဝေးသော စာစစ်ဌာနများရှိရာ လမ်းများတွင် ယာဉ်အန္တရာယ် မဖြစ်စေရေးတို့ကို အဖွဲ့များခွဲ နေရာချထား၍ အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကျန်းမာရေး ကုသရေးဦးစီးဌာန မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာအောင်ကျော်နိုင်နှင့် ကျန်းမာရေး၀န်ထမ်းများက စာစစ်ဌာနသို့ ကျောင်းသားကြို လာရောက်ကြသည့် ကျောင်းသားမိဘများအား COVID-9 ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူစည်ကားကာနေရာများတွင် ပညာပေးဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းသန်း(ရေဦး)


