ဒေါက်တာတင်ထွန်းဦး
(မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ)
မင်္ဂလာရှိတဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်း ချိန်ခါမှစပြီး ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်းနဲ့ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ၊ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေ၊ စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒများနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာကဏ္ဍကို နိုင်ငံတော်ရဲ့စတုတ္ထမဏ္ဍိုင်အဖြစ် ပီပီပြင်ပြင် ဖြစ်ထွန်းရပ်တည်ပြီး သတင်းမီဒီယာလောကကြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် သတင်းမီဒီယာကဏ္ဍကနေ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် တစ်ခုလုံးနိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်ပါစေ၊ ပြည်ထောင်စုကြီး ထာဝရအဓွန့်ရှည် တည်တံ့ခိုင်မြဲ ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဒါရိုက်တာ ဦးကြည်စိုးထွန်း
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
၂၀၂၅ ခုနှစ်ဟာ မင်္ဂလာရှိသော နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ ဦးစွာဆုတောင်းပေးလိုပါတယ်။ ကျွန်တော်တို့ဟာ ကိုဗစ် ကာလနဲ့ အကြောင်းကြောင်း သော အခက်အခဲတွေကို ရုန်းကန် ကျော်လွှားခဲ့ကြရပါတယ်။ ယခုအခါမှာ သင့်တင့်သော ခရီးကိုလည်း ရောက်နေပါပြီ။ ဒီခရီးလမ်းမှာ ရုပ်ရှင်လောကသား တွေနဲ့ပြည်သူတွေ စိတ်ဝမ်းမကွဲဘဲ တညီ တညွတ်တည်း တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုးကို ဆောင်ရွက်နိုင်ပြီး အားလုံးကျန်းမာချမ်းသာစွာနဲ့ ညီညီညွတ်ညွတ် ဖြင့် ဆက်ပြီးလျှောက်လှမ်းနိုင်အောင် ကြိုးစားနိုင်ကြပါစေ။
ကျွန်တော်တို့ရုပ်ရှင်ဆိုတာ ပရိသတ်မရှိရင် ရုပ်ရှင်ဖြစ်မလာပါဘူး။ ပရိသတ်ရှိမှသာ ရုပ်ရှင်ဆိုတာရှိနေပါတယ်။ ပရိသတ်တွေလာဖို့၊ ကြည့်နိုင်ဖို့ ရုပ်ရှင်ရုံဆိုတာတည်ဆောက်ပြီး တင်ဆက်ပြသရ ပါတယ်။ အရေးကြီးတာက ကြည့်ရှုတဲ့ ပရိသတ်ဖြစ်ပါတယ်။ ကြည့်ရှုအားပေး ကြတဲ့ ပရိသတ်များဟာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ရွှင်ရွှင် ညီညွတ် စွာနဲ့ရုပ်ရှင်ကို အားပေးနိုင်ကြပါစေ၊ နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေလို့ နှစ်သစ် ဆုတောင်းစကား ပါးလိုက်ပါတယ်။
ဦးလွင်မြင့်
(မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ)
ကမ္ဘာ့လူမျိုးအသီးသီးနဲ့ ဘာသာ အသီးသီးဟာ နှစ်သစ်ကာလရောက်တိုင်း နှစ်သစ်ကူးပွဲတော်ကို အထူးလေးလေး နက်နက်ထားပြီး ကျင်းပကြတာကို တွေ့ရပါတယ်။ နှစ်သစ်ကူး အခါသမယ တွေမှာ နှစ်ဟောင်းက အဟောင်းအညစ် တွေကို ဖျောက်ပြီး နှစ်သစ်မှာ အကောင်း အသစ်ဖြစ်ဖို့ ကောင်းသောမင်္ဂလာ နှစ်သစ်ကိုကြိုကြတဲ့ အစဉ်အလာလည်း ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာ များထားပြီး ချစ်ခြင်းတရားနဲ့ကြည့်ရှုကာ ကမ္ဘာကြီးအေးချမ်းမှုကို ဝိုင်းဝန်းလက်တွဲ ဖော်ဆောင်နိုင်ကြပါစေ။ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးအချိန်အခါမှာလည်း ကမ္ဘာသူ ကမ္ဘာသားများနဲ့ ပြည်သူပြည်သား အပေါင်း ကောင်းသော လိုအင်ဆန္ဒများပြည့်ဝပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်။
အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း
(မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) နာယက)
ပြည်ထောင်စု နိုင်ငံသူနိုင်ငံသားအပေါင်းနဲ့ အနုပညာရှင်များအားလုံး ကိုယ်လည်းကျန်းမာစိတ်ချမ်းသာပြီး ဘယာကင်းပ လိုတိုင်းရ၍ သုခချမ်းသာအဖြာဖြာနှင့် ပြည့်စုံကြပါစေလို့ နှစ်သစ် င်္ဂလာမှာ ဆုတောင်းမေတ္တာပို့သပါ တယ်။
ဦးဆန်းလင်း ( မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ)
ကျွန်တော်တို့ မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေနဲ့ ပြည်သူများ စားသုံးဆီ ဖူလုံစွာ အသုံးပြု နိုင်အောင် နိုင်ငံတော်နဲ့အတူ လက်တွဲ ဆောင်ရွက်နေပါတယ်။ ၂၀၂၄ ခုနှစ်ဟာ ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်မင်္ဂလာ ကို ကူးပြောင်းခဲ့ပါပြီ။ နှစ်သစ်မင်္ဂလာ အခါသမယမှာ ပြည်သူ ပြည်သားအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းပြီး ကျန်းမာ ချမ်းသာကြပါစေ၊ အသင်းသူ အသင်းသား များအားလုံးနဲ့ ညီနောင် အသင်းများလည်း တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးနဲ့ အဖွဲ့အစည်းရဲ့အကျိုးကို ရှေးရှုပြီး ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ။ ကမ္ဘာသူ၊ ကမ္ဘာသားများနဲ့ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ် နှစ်ပါး ချမ်းသာစွာနဲ့ ကောင်းကျိုး လိုအင်ဆန္ဒ များပြည့်ဝကြပါစေလို့ နှစ်သစ်ဆုတောင်း စကားပါးလိုက်ပါတယ်။
ဦးမောင်မောင်ဆန်း
(မြန်မာနိုင်ငံ ကျောက်မျက်ရတနာ
လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး)
ကမ္ဘာသုံးခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ကနေ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကူးပြောင်း သွားတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါပဲ ဖြစ်ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ် ကူးအခါသမယမှာ မြန်မာနိုင်ငံသူ မြန်မာ နိုင်ငံသားတွေ ကမ္ဘာသူ ကမ္ဘာသားအားလုံး သော ခုနစ်ရက်သားသမီး သူတော်ကောင်း အပေါင်းတို့ စိတ်သစ်၊ လူသစ်ဖြင့် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ စီးပွားဥစ္စာရတနာတွေ လည်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွားနိုင်ကြပါစေ၊ လိုအင် ဆန္ဒများနဲ့လည်း ပြည့်ဝကြပါစေ၊ ရောဂါဘယများလည်း ကင်းဝေးကြပါစေ၊ မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ ကြောင်း၊ ငြိမ်းချမ်းပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါတယ်။
ဦးနန္ဒကျော် (မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ယာယီဥက္ကဋ္ဌ)
၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယမှာ မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ကျန်းမာရွှင်လန်း၍ စီးပွားလာဘ်လာဘများ တိုးတက်ကြပါ စေကြောင်း နှစ်သစ်ဆုမွန်ကောင်း ပို့သအပ်ပါတယ်။ နှစ်သစ်အခါသမယမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဥစ္စာဓနဖြိုးကြွယ်ဝပြီး နေ့ရက်တိုင်း မှာ ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။



