နေပြည်တော်    မတ်    ၂၅

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ မိုးမြင့်ဝင်း(မဟာဝိဇ္ဇာ)မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များစာအုပ်နှင့် ကလေးစာပေ တတိယဆုရရှိသည့် စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း)ပန်းတိုင်း ပွင့်ခွင့်ရှိပါသည် နှင့် အခြားကလေးဝတ္ထုတိုများစာအုပ်တို့ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

 

စာရေးဆရာ မိုးမြင့်ဝင်း(မဟာဝိဇ္ဇာ)မဟာဂီတတွင် ဖွဲ့ဆိုခဲ့သော မင်းခမ်းတော်များစာအုပ်၌ အခန်း () ခန်းခွဲကာ တင်ပြထားပြီး မင်းခမ်းတော်ဟူသည့် အဓိပ္ပာယ်ရှင်းလင်းချက်၊ လက်ယာမင်းခမ်းတော်၊ လက်ဝဲမင်းခမ်းတော်၊ မင်းခမ်းတော်ဆိုင်ရာ မဟာဂီတသီချင်းများ၊ ကြိုး သီချင်းများမှ မင်းခမ်းတော်ဖွဲ့သီမှု၊ ဘွဲ့သီချင်းများမှ မင်းခမ်းတော်ဖွဲ့သီမှု၊ သီချင်းခန့်များမှ မင်းခမ်းတော်ဖွဲ့သီမှု၊ မွန်သီချင်းများမှ မင်းခမ်းတော် ဆိုင်ရာ ဖွဲ့သီမှု စသည်ဖြင့် မင်းခမ်းတော်ဘွဲ့ သီချင်းများနှင့်ပတ်သက်ပြီး မဟာဂီတထဲမှ သုတေသနပြု ရှာဖွေဖော်ထုတ်ထားသည့်အတွက် သုတေသနပြုလိုသူများနှင့် မဟာဂီတသီချင်းများအကြောင်းကို ထဲထဲဝင်ဝင် လေ့လာ လိုက်စားချင်သူများ လက်ဝယ်ဆောင်ထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ငွေကျပ် ၂၅၀၀ ဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။

 

ကလေးစာပေ တတိယဆုရရှိသည့် စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း)ပန်းတိုင်း ပွင့်ခွင့်ရှိပါသည်နှင့် အခြားကလေးဝတ္ထုတိုများစာအုပ်၌ ဝတ္ထုတို ၁၆ ပုဒ် ပါဝင်ပြီး ကလေးတိုင်း ပညာသင်ခွင့်ရစေလိုခြင်း၊ ကလေးများ၏ ကောင်းမွန်သော စိတ်ကူး၊ ဂိမ်းကစားခြင်း၏ ဆိုးပြစ်၊ အတုမြင်အတတ်သင်နှင့် နယ်လွန် စိတ်ကူးယဉ်ခြင်းတို့ကို ရသဇာတ်လမ်းလေးများဖြင့် သိလွယ်သော စကားလုံး၊ တိုရှင်းသော ဝါကျများဖြင့် ဇာတ်ကွက်ဇာတ်လမ်းဖွဲ့ကာ ပုံဖော်ထား သည်။ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေး အလေ့အကျင့်၊ ဇွဲနပဲနှင့် ကြိုးစားချင်စိတ်၊ ကလေးများကို မြေတောင်မြှောက်ပေးရန်လိုအပ်မှု၊ စိတ်ယုတ်မွေး၍ သူတစ်ပါး အပေါ်  မကောင်းကြံပါက ကိုယ့်ဘေးရန်သင့်တတ်ပုံ၊ သစ်ပင်စိုက်ပျိုးခြင်းကို မြတ်နိုးတတ်စေလိုသော ရည်ရွယ် ချက်တို့ဖြင့် ရေးဖွဲ့ထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပြီး ငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

 

အဆိုပါစာအုပ်များကို အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈၊ အမှတ် (- ၅၅) သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

ဇော်ဝင်းထွန်း