၁၅ ဒီဇင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ၊ ဝတ္ထုရှည် တတိယဆုရရှိသည့် စာရေးဆရာ မောင်နေခြည် (ပြည်) ၏ “ပွင့်သောပန်းတို့ အလန်းဆုံးဝေစာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

ယင်းစာအုပ်တွင် ထင်လင်းအမည်ရှိ လူငယ်လေးတစ်ဦးသည် ငယ်စဉ်က စာညံ့သူတစ်ယောက် မဟုတ်ခဲ့သော်လည်း အပေါင်းအသင်းမှားမိသဖြင့် ကျောင်းသားဆိုးစာရင်းဝင်သွားပြီး စာမေးပွဲကျရာမှ မိဘများ၏ စီးပွားရေးမပြေလည်မှုကြောင့် ကျောင်းဆက်မနေရတော့ဘဲ အုတ်ဖိုလုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ရသည်။ ထို့နောက် ဖိုထောင်တစ်ဦးနှင့် ပညာရေးမှူးတစ်ဦးတို့၏ ကူညီစောင်မမှုဖြင့် စက်မှုအထက်တန်းကျောင်း တက်ခွင့်ရပြီး ရည်မှန်းချက် အပျက်မခံဘဲ ကြိုးစားခဲ့သဖြင့် သူ၏ဘဝ တစ်ဆစ်ချိုးပြောင်းလဲသွားပုံကို ပညာပေးရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၁၄၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

MDN