နေပြည်တော် ၁၃ ဇွန်
စာပေဆိုင်ရာ လှုပ်ရှားမှုများအတွက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် (၂၁၂) သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရုံးချုပ်၏ အစည်းအဝေးခန်းမကို အခမဲ့ ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးခန်းမတွင် စာအုပ်မိတ်ဆက်ပွဲများ၊ စာပေဆွေးနွေးပွဲ များ၊ စာပေဟောပြောပွဲများနှင့် စကားဝိုင်းများ စသည့် စာပေဆိုင်ရာလှုပ်ရှားမှုများ ကျင်းပနိုင်ရန်အတွက် စကားပြောစင်မြင့်၊ အသံစနစ်နှင့် နေရာထိုင်ခင်းများကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ပြင်ဆင်ဆောင်ရွက်ပေးထားသည်။
အစည်းအဝေးခန်းမကို ငှားရမ်းအသုံးပြုလိုပါက အသုံးပြုမည့်သူ /အဖွဲ့အစည်းအမည်၊ အသုံးပြုလိုသည့် အကြောင်းအရာ၊ အသုံးပြုမည့်နေ့ရက်နှင့် တက်ရောက်မည့် ခန့်မှန်းအင်အားတို့ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသို့ သုံးရက် ကြိုတင် စာရင်းပေးသွင်းနိုင်ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ရန်ကုန် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလှရွှေ၊ ဖုန်း ဝ၉-၂၅၀၁၈၉၂၇၇ ၊ ဒေါ်ဖြူဖွေးသန့်စင် (မန်နေဂျာ-ထုတ်လုပ်)၊ ဖုန်း ဝ၁-၂၀၁၁၉၂၊ ဝ၉-၂၅၀ဝ၆၄၅၉၉ တို့ထံ ဆက်သွယ်၍ ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။
သတင်းစဉ်


