စာပေဟောပြောပွဲနှင့် စာအုပ်စျေးရောင်းပွဲကျင်းပမည်

ဂန့်ဂေါ  ၃၀  နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ အ.ထ.ကတွင် စာပေဟောပြောပွဲနှင့် စာအုပ် စျေးရောင်းပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့ ညတွင် အ.ထ.က(ကျော) ရှိကျောင်းရှေ့မြက်ခင်းပြင်၌ ပြုလုပ်မည်ဖြစ်ရာ သက်ဆိုင်သူတို့က ကြိုတင်ပြင်ဆင်လျက်ရှိသည်။

 

အဆိုပါ စာပေဟောပြောပွဲနှင့်စပ်လျဉ်း၍ " ကျောနယ်ရှိ ၁၆ ရွာကကျောင်းသား/ ကျောင်းသူ တွေ စာပေအသိဉာဏ်ဖွံ့ဖြိုးစေဖို့အတွက် စာအုပ်စျေးရောင်းပွဲတွေ ပြုလုပ်ပေးတာဖြစ်ပါတယ်၊ ကျောင်းပေါင်းစုံက တက်ရောက်မည့် ကျောင်းသား/ကျောင်းသူတွေကို နိဗ္ဗာန်စျေးလိုပြုလုပ်ပေးပြီး စတုဒီသာလဲ ကျွေးအုံးမှာလို့" အ.ထ.က(ကျော) မှ အထက်တန်းပြ ဆရာဦးချမ်းမင်းက ပြောသည်။

 

စာအုပ်စျေးရောင်းတန်းတွင် မန္တလေးမှလာပြီးပြသသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြခန်းနှင့် ပန်းချီပြခန်းတွေကို လာရောက်ပြသမည်ဖြစ်ပြီး ယနေ့ညတွင် ဆရာညီပုလေး၊ ဆရာမနှင်းဆီအောင်တို့က စာပေရေးရာများ ဟောပြောမည်ဖြစ်ကြောင်းနှင့် ကျောမြို့တွင် ယနေ့ကျင်းပသည့် စာပေဟောပြောပွဲသည် ပထမအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ပြန်ဆက်)