နေပြည်တော် ၁၄ ဇွန်
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့ ကွင်းဆင်း၍ စာပေချစ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် သာစည်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာသို့ သွားရောက်၍ အခမဲ့ငှားရမ်းပေးခဲ့ကြသည်။
ရွေ့လျားစာကြည့်တိုက်တွင် သုတ၊ ရသစာအုပ်စာစောင် ၂၀ဝ ကျော်ပါရှိပြီး ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ၊ ရသစာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်စာစောင်များကို ရက်သတ္တပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ် လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်သည်။
ဇေယျာသီရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အပတ်စဉ် ကွင်းဆင်း၍ ကျေးရွာအတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် စာပေချစ်မြတ်နိုးသူများ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကွင်းဆင်း ငှားရမ်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)