ကရသူရိ ၁၅ ဇူလိုင်


ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများနှင့် ကုမ္ပဏီဝန်ထမ်းများ အသိပညာဗဟုသုတ တိုးပွားရေးနှင့် စာအုပ်စာပေများ ပိုမိုစိတ်ဝင်စားစေရန်အတွက် စာဖတ်နှုန်းတိုးပွားရေး နယ်လှည့် မိုဘိုင်းစာအုပ် ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့ ယုဇနဆီအုန်းကုမ္ပဏီစခန်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


မိုဘိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သုတ၊ ရသ၊    မဂ္ဂဇင်း၊  ဂျာနယ်၊ ဝတ္ထုစသည့် စာအုပ်များအား  ယုဇနဆီအုန်းကုမ္ပဏီ ဝန်ထမ်းများနှင့်   မိသားစုများကို စာအုပ်ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းပြသည်။


ဆက်လက်၍ ဟန်ကပြုကျေးရွာ အမကကျောင်းတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တွင် ဒေသခံရွာသူ၊ ရွာသားများကိုလည်းကောင်း မိုဘိုင်းစာအုပ်ငှားရမ်းပေးခြင်းနှင့် စာအုပ်စာပေလူ့မိတ်ဆွေ၏ သဘောသဘာဝများကို ရှင်းပြပေးခဲ့ကြောင်း သိရသည်။


စိုးဝင်း(ပြန်/ဆက်)