ရွှေတောင် ၇ ဇန်နဝါရီ     

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွှေတောင် (အထက)ကျောင်းရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

02

 

ကွင်းဆင်းဆောင်ရွက်ရာတွင် မူလတန်းကျောင်းသား/ကျောင်းသူ(၂၀ဝ)ကျော်အား စာဖတ်စွမ်းရည် မြင့်မား လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်မှူး ဒေါ်နွေးဒါလီနိုင်က စက္ကူပြဇာတ်ပြသပေးခြင်း၊ ဘုတ်ပြား ပြဇာတ်ပြသပေးခြင်းနှင့် ရုပ်သံကျွမ်းကျင်၃ ဒေါ်အေးအေးခိုင်က ပုံပြင်စာအုပ် ဖတ်ပြခြင်းစသည့် ဗဟုသုတရစေမည့် အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ကျောင်းသား/ ကျောင်းသူလေးများ ပျော်ရွှင်စေရန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက် ပေးခဲ့ကြသည်။

 

3998

 

ဆက်လက်ပြီး အသိပညာဗဟုသုတတိုးပွားစေရန် ပုံပြင်စာအုပ်များကို လွတ်လပ်ပျော်ရွှင်စွာ ဖတ်ရှုစေခဲ့ကြောင်း သိရသည်။                                                             

 

ကိုကိုမင်း(ပြန်/ဆက်)