ဝန်းသို    ၂၄   ဖေဖော်ဝါရီ

 

ကျေးရွာပြည်သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန်၊ စာဖတ်ရှိန်မြင့်မားလာစေ ရန်နှင့် စာပေဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု (Mobile Team)အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တစ်ပတ်လျှင် တစ်ရွာ အလှည့်ကျကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် လွင်ကြီးကျေးရွာနှင့် ကျုံးကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှုး ဦးကျော်မျိုးသူ၊ စားသုံးသူရေးရာဦးစီး ဌာနတာဝန်ခံ ဒေါ်အမာကြည်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှုး ဒေါ်ခွင်ကြည် နှင့် ဝန်ထမ်းများက ကျေးရွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို အသိပညာပေးပြောကြားပြီး သုတ/ရသ စာအုပ်ပေါင်း ၁၆၈ အုပ်ကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

ကျော်မြိုင် ( ပြန်/ ဆက်)