မိုးကောင်း ၁၈ စက်တင်ဘာ
မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သုခဘုံ စာပေပြန့်ပွါးရေးအဖွဲ့တို့မှ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးစာပေပြပွဲနှင့် ရှားပါးစာအုပ် (သုတ၊ ရသ) ဈေးရောင်းပွဲတော်ကို ယနေ့နံနက် (၉) နာရီတွင် မိုးကောင်းမြို့တော်ခန်းမဘေး၌ ကျင်းပခဲ့သည်။
အဆိုပါပြပွဲတွင် စာအုပ်စုစုပေါင်းအုပ်ရေ တစ်သိန်းဝန်းကျင်ခန့် ခင်းကျင်းပြသထားပြီး ယနေ့မှစ၍ စက်တင်ဘာ (၂၂) ရက်ထိ နံနက်(၉)နာရီမှည(၉)နာရီထိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)


