ကလော    ၂၃   နိုဝင်ဘာ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သော ရွေ့လျားစာကြည့်တိုက် လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်း များသို့ စာအုပ် စာစောင်များငှား ရမ်းပေးလျှက်ရှိကြောင်း သိရသည်။

 

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ကလောမြို့နယ် မြင်းစိုင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကလေးစာပေနှင့် သုတ/ရသ စာအုပ် (၅၀)အုပ်ကို လည်းကောင်း၊ အလားတူ နန်းသဲကျေးရွာ ဦးရွှေကို စာကြည့်တိုက်တွင် ကလေးစာပေနှင့် သုတ/ရသ စာအုပ် (၁၀ဝ) တို့ကို အခမဲ့ ငှားရမ်းပေးခဲ့ပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင် အသစ်များ လဲလှယ်ငှားရမ်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ဝင်း (ပြန်/ဆက်)