လက်ပံတန်း ၃  အောက်တိုဘာ

    

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လက်ပံတန်း မြို့မ ရဲစခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

     

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ရှိန်မြှင့် တင်ရေးနှင့် စာဖတ်သူ တိုးပွားရေး၊လူတိုင်းစာပေအလွယ်တကူဖတ်ရှုနိုင်ရေးအတွက် ရွေ့လျားစာကြည့် တိုက်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း ပြည်သူ့စာကြည့်တိုက်၏ စာငှားဝန်ဆောင်မှု၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သည့် ကလေးစာဖတ်ခန်း ဝန်ဆောင်မှုများအကြောင်းနှင့် စာငှားစည်းမျည်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

      

ထို့နောက် လက်ပံတန်းမြို့မရဲစခန်း ဝန်ထမ်းများ၏ မှီခိုသူမိသားစုဝင်များအား စာကြည့်တိုက်အသင်းဝင်ကတ်များ ပြုလုပ်ပေးခဲ့ပြီး သုတရသစာအုပ် ၅၀ အား ရက်သတ္တပတ် နှစ်ပတ် အခမဲ့ငှားရမ်း ပေးခဲ့ကြောင်း သိသည်။

                                      

ဝင့်နနန္ဒာဌေး