မန္တလေး ၂၈  စက်တင်ဘာ

 

စာရေးဆရာ ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာဖတ်ဝိုင်းကို စက်တင်ဘာ ၂၈ ရက်၊ နံနက် ၁၀ နာရီက မန္တလေးမြို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မဟာအောင်မြေမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဝင်း (ပညာရေး) က ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေး မှုမျက်နှာစာ စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ဆရာ အိုးဝေ (မြေနီကျင်း)၊ ဆရာမင်းဝဏ်၊ ဆရာမနွေမိုးကို၊ ဆရာမခင်မွန်သိန်းတန်၊ ဆရာမဆူးခက်နှင့် ဆရာယဉ်မွန်အောင် တို့က စာအုပ်ပါ အချက်အလက်များကို ဖတ်ရှုဆွေးနွေးသည်။

 

ထို့နောက် ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်ဟု သိရှိရသည်။

 

ခင်ခင်ဝင်း(ပညာရေး)