ဇီးကုန်း ၁၅ မတ်
နိုင်ငံကျော်စာရေးဆရာကြီး ဇေယျ(ဦးယော)၏ နှစ်(၁၂၀)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တု ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းရှိ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဂုဏ်ပြုရုပ်တု ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ဒေါက်တာဖေသက်ဇော်၊ ဆရာကြီးဦးမြဝင်း (ဒဿန မြဝင်း)နှင့် ဒေါ်မြမြအေး (ဆရာကြီးဇေယျ၏ သမီး) တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆရာကြီးဇေယျ၏ ရုပ်တုအား အမွေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။ ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ဒဿန မြဝင်းတို့က အမှာစကားများ အသီးသီးပြေကြားခဲ့ပြီး ရုပ်တုဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီ လှူဒါန်းခဲ့သော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)