ရန်ကုန်   ၉   မတ်

 

စာရေးဆရာမ တူးတူးသာ၏ ဗန်တမာလမ်းက အလွမ်းခြေရာစာအုပ်မိတ်ဆက်ပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

 

စာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာ မောင်လင်းရိပ်၊ စာရေးဆရာမ ခင်မြဇင်၊ ကာတွန်း ဆရာ ဇာနီဇော်ဝင်း တို့က အမှတ်တရစကားများ ပြောကြားကြသည်။

 

ဝတ္ထုကို ၁၉၉၂ - ၁၉၉၄ ခုနှစ်အတွင်း ဂျီတီအိုင်ကျောင်းသားဘဝ ဖြတ်သန်းခဲ့တဲ့ လွမ်းမောပျော်ရွှင်ဖွယ်တွေကို ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားထားတာ ဖြစ်ပါတယ်ဟု စာရေး ဆရာမ တူးတူးသာက ပြောသည်။

 

 အဆိုပါ ဗန်တမာလမ်းက အလွမ်းခြေရာဝတ္ထုစာအုပ်ကို စိတ်ကူးကူးချိုချိုစာပေမှ ငွေကျပ် ၄၅၀၀ နှုန်းဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည်ဖြစ်သည်။

 

ကိုကိုအေး