၁၄ စက်တင်ဘာ
ဂျာကာတာရုပ်ရှင်ထုတ်လုပ်ရေးမှစီစဉ်၍ စာရေးဆရာဖေမြင့်ရဲ့ဝတ္ထုကို ဒါရိုက်တာ ဝင်းထွန်းထွန်း၏ အနုပညာ ပြချက်ရိုက်ကူးမည့် တစ်ခါက "ဆတ်သေချောင်း" ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလလယ်တွင် ရှမ်းပြည်နယ် နောင်ချိုနှင့် ကချင်ပြည်နယ် ပူတာအိုတို့တွင် ရိုက်ကူသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီကား မရိုက်ကူးခင် အချိန်လေးလကြာအောင် အချိန်ပေးပြီးတော့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်နဲ့ အခုခေတ်က ပိုသာပါတယ်။ ဟိုတုန်းက ဇာတ်ညွန်းကို ဒီအတိုင်းပဲရိုက်ခဲ့တာ။ အခုကတော့ ဒီဇာတ်ညွန်းကို လေးလလောက်ကြိုတင်ပြီးတော့ ရေးသားခဲ့တာပါ။ အဲဒီအပြင် လွန်ခဲ့တဲ့ ၁၅ နှစ်က ရိုက်ခဲ့တဲ့ ဆိတ်သေချောင်းဒဏ္ဍာရီ ဇာတ်ကားရဲ့ ဂရပ်ဖစ်ဒီဇိုင်နာပညာရှင်နဲ့အခု ကျွန်တော် ဂရပ်ဖစ်ဒီဇိုင်နာပညာရှင် အဲဒီအပြင် သုံးမယ့်ပစ္စည်းတွေအားလုံးကို Skynet က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်လည်း မဝယ်နိုင်ပါဘူး။ အခုဒီကားက ကျွန်တော်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားက အကောင်းဆုံး ဖြစ်နေရပါမယ်။ အဲဒီအပြင် မိတ်ကပ်ပညာရှင်တွေလည်း စခေါ်ထားပါတယ်။ စုန်းမဆိုပေမယ့် ပရိသတ်ကို ငိုပြရဦးမှာ အရင်တုန်းက ဒေါ်ချိုပြုံး လုပ်ပြသွားတဲ့ အိုက်တင်နဲ့ ကျွန်တော်အခုရိုက်ပြမယ့် အိုက်တင်က ကြည့်လိုက်ပါ အများကြီး ကွာနေမှာပါ။ အခုပြန်ကြားရေးဝန်ကြီး ဆရာဖေမြင့်နဲ့တွေ့တော့ အဲဇာတ်ထဲက အဖွားကြီးကို ငါတွေ့ခဲ့ပြီ။ အပြင်မှာ တကယ်ရှိတာပေါ့နော်။ အဲလိုတကယ်ရှိခဲ့တာကို မူတည်ပြီးတော့ ဒီဇာတ်ကို ရေးထားတဲ့အတွက် ကိုယ်ပိုင်ဖန်တီးမှုတစ်ခုပါ"ဟု ဒါရိုက်တာဝင်းထွန်းထွန်းက ပြောသည်။
အဆိုပါ ဇာတ်ကားတွင် ဝတ္ထုဖေမြင့်၊ ဇာတ်ညွန်း အင်ကြင်းဟန်၊ ဒါရိုက်တာ ဝင်းထွန်းထွန်း(အနုပညာပြချက်) မှ ရိုက်ကူးမည်ဖြစ်ရာ အောင်ရဲလင်း၊ မင်းဦး၊ ရဲလေး၊ မိုးယံဇွန်၊ ပြေဇင်၊ အောင်ခိုင်၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ ဆုမြတ်နိုးဦး၊ သင်ဇာမြင့်မိုရ်နှင့် အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလင်း