ရန်ကုန်  ၁၉  ဇန်နဝါရီ 

စာရေးသူများ၏ ရသစာဖတ်ဝိုင်းရာသီ(၂) ပွဲစဉ်(၃၅)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌  ကျင်းပသည်။

အဆိုပါရသစာဖတ်ဝိုင်းတွင် စာရေးဆရာမ မစန္ဒာ၏ ဝတ္ထုတိုသုံးပုဒ်ဖြစ်သော “အပိန်နှင့် အပဲ့တို့၏သမိုင်း”၊ “ကြောက်လို့ရယ်မဟုတ်ပါဘူး” နှင့် “+ x နှင့် ÷ ”တို့ကို စာရေးဆရာမများက စုပေါင်းဖတ်ကြားကြသည်။

ထို့နောက် ရသစာပေမြတ်နိုးသူပရိသတ်များနှင့် မူရင်းဝတ္ထုဖန်တီးသူ စာရေးဆရာမ မစန္ဒာတို့က အပြန်အလှန်အမြင်ချင်းဖလှယ်သော “ရသဝတ်မှုန်ကူးခြင်း” အစီအစဉ်ကို ဆောင်ရွက်ကြသည်။ 

သတင်း-ရီရီသန့်