ရန်ကုန် ဇန်နဝါရီ ၂၂

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက စာရေးဝန်ထမ်း ကြီးကြပ်သင်တန်း အမှတ်စဉ်(၉၄) သင်တန်းဖွင့်ပွဲကို ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၃၀၊ သင်တန်းသူ ၆၄ ဦး စုစုပေါင်း ၉၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၂၂ ရက်မှ မတ် ၂၉ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်