ရန်ကုန် ဩဂုတ် ၁၂
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၆) သင်တန်းဖွင့်ပွဲကို အုန်းတောခန်းမ၌ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ကျင်းပရာ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားပြီး ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၆)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ မှ သင်တန်းသား ၁၆ ဦး၊ သင်တန်းသူ ၆၆ ဦး စုစုပေါင်း ၈၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၂ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


