နွားထိုးကြီး ၂၆ မတ်
နွားထိုးကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်မှု မရှိစေရန်နှင့် လူများထူထပ်မှု မရှိစေရန် အတွက် နွားထိုးကြီးမြို့ အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်အတွင်း စားသောက်မှု မရှိစေရန်၊ ပါဆယ်ထုပ်များဖြင့်သာ ရောင်းချရန် အသိပညာပေးခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်း၊ စည်ပင်သာယာ အမှုဆောင် အရာရှိ ဦးစိုးအောင်၊ စားသုံးသူရေးရာတာဝန်ခံ ဦးသန်းအေးတို့သည် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင်များနှင့် စားသုံးသူများကို ကိုရိုနာဗိုင်းရပ်(စစ်) အဆုတ်ရောင်ရောဂါအကြောင်းကို အသိပညာပေး ရှင်းလင်းခဲ့ပြီး ပြင်စည်ကျေးရွာနှင့် ကန်နားကျေးရွာများရှိ စာသောက်ဆိုင်များကိုလည်း အသိပညာ ပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်(ပြန်/ဆက်)


