မြို့သစ် ၂၄  စက်တင်ဘာ

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကျောင်းသူကျောင်းသားများမှ တစ်ဆင့်ပြည်သူအတွင်း စိမ့်ဝင်ပြန့်နှံ့စေရန် ရည်ရွယ်၍ မီးသတိမူရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအဖြစ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ ကွက်သစ်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းတွင်ကျင်းပသည်။

ရှေးဦးစွာမြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေလင်းကျော်မှ မီးလောင်ကျွမ်းနိုင်ခြင်း အဆင့်ဆင့်၊ မီးငြိမ်းသတ်နည်းများ၊ မီးအမျိုးအစားများနှင့် ဆောင်ရန်ရှောင်ရန်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများက ဆီမီးလောင်ကျွမ်းခြင်းများကို ရေစိုအဝတ်ဖြင့် ငြှိမ်းသတ်နည်း၊ DCP မီးသတ်ဆေးဘူး အသုံးပြု၍ ငြှိမ်းသတ်နည်းများကို လက်တွေ့ငြှိမ်းသတ် သရုပ်ပြသခဲ့ရာ ဆရာဆရာမများနှင့် မူလတန်း/အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၈၅၀) ခန့်မှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက် )