ဇီးကုန်း   အောက်တိုဘာ   ၄

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ဇီးကုန်း)၌ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။

စုပေါင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် မြို့နယ်ပညာရေးဌာန တို့ပူးပေါင်း၍ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ကျောင်းဝင်းအတွင်း ချုံနွယ်အမှိုက်သရိုက်များကို လူအင်အား၊ စက်အင်အားများဖြင့် ခုတ်ထွင် ရှင်းလင်းကြသည်။

တင့်ဆွေ(ပြန်/ဆက်)