စားသုံးရန်မသင့်​သော အစားအ​သောက်နှင့်​ ဆေးဝါးများအ​ကြောင်းနှင့် လူကုန်ကူးမှုတားဆီးရေး ပညာပေး​ဟော​ပြောပွဲ ကျင်းပ

ကျိုက်မရော၂၃ အောက်တိုဘာ   

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြား​​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးရန်မသင့်သော အစားအသောက်များအကြောင်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ..က(ခွဲ) ကျွန်းရွာစာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှုတားဆီးကာကွယ်​​ရေးနှင့် ကလေးအလုပ်သမား ပျောက်ရေးအကြောင်း အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးအောင်ညီညီခန့်က စားသုံးရန်မသင့်သော အစားအစာများအကြောင်းနှင့် စားသုံးသူရေးရာ အကာအကွယ်ပေးရေး ဥပဒေများကို ပညာပေးဟောပြောသည်။ ဆက်လက်၍ စားသုံးရန်မသင့်သောဆေးဝါးများကို ပရိုဂျက်တာများဖြင့် ရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှုတားဆီးရေးနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်း ပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)