၁၅ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီးဘေးအန္တရာယ် ကင်းရှင်းသောအစားအသောက်များကိုအများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိပါသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသောအစားအသောက်များကိုဈေးများ၊ ကျောင်းမုန့်ဈေး တန်းများမှ ဝယ်ယူစစ်ဆေးရာအောက်ဖော်ပြပါအစားအသောက်များ၌ ခွင့်မပြုဆိုးဆေးများပါဝင်ခြင်း တို့ကြောင့် စားသုံးရန်မသင့်ကြောင်းအသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသောဆိုးဆေးများကိုလုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါကအမျိုးသား အစားအသောက် ဥပဒေပုဒ်မ၂၈(က) အရအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။