ကျိုက်မရော ၂၄ ဇန်နဝါရီ
ကျောင်းသားကျောင်းသူများအား အစားအသောက်နှင့်ပတ်သက်သည့် အန္တရာယ်များ၊ ရက်လွန် အစားအသောက်များ၏ ဆိုးကျိုးများကို သိရှိစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချမူရှိစေရန် ရည်ရွယ်ချက်ဖြင့် စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက အမှတ် (၃) အလကခွဲ ကျိုက်မရောကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်အိဇာဖြိုးက အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းနောင်က အစားအသောက်နှင့် ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးများအကြောင်းနှင့် ရက်လွန် အစားအစာများ၊ အသားကင်များ၏ အန္တရာယ်ကြီးမားပုံကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသ အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော ဈေးဆိုင်များရှိ မုန့်များအစားအသောက်များကို ရက်လွန်ခြင်းရှိ/မရှိနှင့် သန့်ရှင်းမူရှိ/မရှိကို စစ်ဆေးကာ အသိပညာပေး စာစောင်များ ဖြန့်ဝေပေး၍ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)