ကော့သောင်း ၁၁ အောက်တိုဘာ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ကော့သောင်းခရိုင် စာသုံးရေးရာဦးစီးဌာန တို့ပူးပေါင်းကာ စာသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Showအစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေး အောက်တိုဘာလ ၁၀ ရက်နေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမမှာ ဆွေးနွေးရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် ကော့သောင်းခရိုင် စာသုံးရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ က စာသုံးသူကာကွယ်ရေး ဥပဒေပါအခန်းကဏ္ဍများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စီးပွားရေးလုပ်ငန်းရှင် ဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များရဲ့ တာဝန်များ၊ စားသုံးသူများတောင်းဆိုနိုင်သည့် အခွင့်ရေးများ၊ နစ်နာသည့်စားသုံးသူများ တိုင်ကြားနိုင်မည့် အခြေအနေများနှင့်တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ကိုဗစ်၁၉ ထိန်းချုပ်မှုကာလအတွင်း စားသုံးသူများအား အကာကွယ်ပေးမှု အစီအစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို အသိ ပညာပေး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်အား ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှု ကာလအတွင်း အများပြည်သူ သိရှိလေ့လာနိုင်ဖို့ အွန်လိုင်း အသိပညာပေးလုပ်ငန်းအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်ပြည်သူ့စာကြည့်တိုက် နှင့် အိုင်ပီအာဒီ ကော့သောင်း လူမှုကွန်ယက်စာမျက်နှာများမှာ လွှင့်တင်ဖေါ်ပြပေးသွားမှာဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


