နိုင်ဦး(DOCA)


ယနေ့မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ ဖြိုးမှု အရှိန်ယူစ ပြုနေပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးစားလျက်ရှိသည်။ နိုင်ငံတကာနှင့် ကူးလူးဆက်ဆံကာကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတကာထွက်ကုန် အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် တင်သွင်းလျက်ရှိ၍ မြန်မာနိုင်ငံရှိ စားသုံးသူပြည်သူများသည် နိုင်ငံတကာမှ ထုတ်လုပ်ဖြန့်ချိသည့် လူသုံး၊ အိမ်သုံးပစ္စည်းများကို တိုးတက်လာသော ခေတ်ကာလနှင့်အညီ ကျယ်ပြန့်တွင်ကျယ်စွာ ဝယ်ယူသုံးစွဲလျက် ရှိနေပါသည်။ ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်၍ ဖြစ်ပျက်မှု သတင်းအစုံစုံကို အချိန်တိုအတွင်း သိရှိနေရသည်။

 

လွဲမှားသုံးစွဲခြင်းများကြုံရ

တချို့လည်း ဝမ်းသာကျေနပ်စရာသတင်း၊ တချို့လည်း ဝမ်းနည်းကြေကွဲဖွယ်သတင်း၊တချို့လည်း ငိုအားထက်၊ ရယ် အားသန်ဖြစ်ရသောသတင်းများဖြစ်သည်။ မျက်စိနာနေသော ကလေးတစ်ဦးကို မျက်စဉ်းခတ်ရာ မျက်စဉ်းဆေးရည်ဘူးနှင့် ဆူပါဂလူးဆေးရည်ဘူး မှားခတ်၍ ဆေးရုံသို့သွားပြီး ကုသခဲ့ရတာ တွေ၊ ဆပ်ပြာရည်ကို ပိုးသတ်ဆေးအမှတ်ဖြင့် စိုက်ခင်းထဲသုံးတာ တွေ၊ ဝက်ပုံ၊ ကြက်ပုံပါသော အတောင့်ခဲများကို ဝက်၊ ကြက် အားဖြည့်စာဟူ၍ မသိဘဲ သရေစာအမှတ်ဖြင့် စားရာမှ မူးဝေ အော့အန်ဖြစ်ရတာတွေ၊ နှလုံးငြိမ်ဆေးကို သောက်ရမည့်အစား ပုံစံတူ၊ အရွယ်တူဆေးကို အလွယ်ဝယ်ယူသောက်မိ၍ အသက် သေဆုံးတာတွေ၊ ယားနာလိမ်းဆေးကို မျက်နှာလိမ်းမိ၍ အလှ ပျက်ရတာတွေ၊ အရက်ပြန်နှင့်အရက်ပုလင်း မှားသောက်မိ၍ သေဆုံးကြရတာတွေ၊ ကင်ဆာပျောက်သည်၊ အေအိုင်ဒီအက်(စ်)ရောဂါပျောက်သည်ဆိုသည့် ဘာတွေရေးသားထားမှန်းမသိ၊ ဘာတွေပါဝင်မှန်းမသိဘဲ ပျောက်ချင်ဇောဖြင့် ဝယ်သောက်မိ၍ အချိန်မတိုင်ဘဲ အသက်ပျောက်ခဲ့တာတွေ စသည်ဖြင့် စုံလင်စွာ ဖတ်ရှုရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။


အထက်ပါဖြစ်စဉ်သတင်းများသည် စားသုံးသူပြည်သူ ၅၁ သန်းကျော်ထဲတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်သတင်းများဖြစ်သည်။ ဤသို့ဖြစ်ရခြင်း အများစုမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းမှ ထုတ်လုပ်သော၊ ပြည်ပမှ မှာယူတင်သွင်းသော လူသုံး၊ အိမ်သုံး ပစ္စည်းများတွင် မြန်မာနိုင်ငံသားအများစုနားလည်သော မြန်မာ ဘာသာဖြင့် ဖော်ပြထားမှုမရှိ၍ ဖြစ်ပွားရခြင်းဖြစ်သည်။ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်များ ဖြစ်နေခြင်းဖြစ်သည်။ ဤသည် ကို အချိန်မီတားဆီးခြင်း မပြုလုပ်ပါက စားသုံးသူများအတွက် အ္တရာယ်ကြီးထွားလာနိုင်ပါသည်။ မရှုနိုင်မကယ်နိုင် ဖြစ်မှာ စိုးရိမ်ရပါသည်။ ဖြစ်မှ ကုစားခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ်ရန်လိုအပ်ပါသည်။


မြန်မာဘာသာဖြင့် မဖော်ပြ၍ နစ်နာမှုများဖြစ်

လူသုံးအိမ်သုံးပစ္စည်းများ ရယူသုံးစွဲရာတွင် မြန်မာဘာသာ ဖြင့် ထင်ရှားစွာ ရေးသားဖော်ပြထားခြင်း မရှိသောကြောင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာ၍လည်း ကောင်း၊ စားသုံးသူပြည်သူများ၊ လုပ်ငန်းရှင်များမှလည်း မိမိ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသော ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြနိုင်ရေး တောင်းဆိုလာကြ၍လည်းကောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနသည် စားသုံးသူများ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီဆောင်ရွက်သောလုပ်ငန်းရှင်များကို ကာကွယ်စောင့် ရှောက်ရန်အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာ၂၆ ရက်တွင် စားသုံးသူအကာကွယ်ပေးရေး ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာ စာ အမှတ်(၁/၂၀၁၈)ဖြင့် ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန် သွယ်ခြင်းတို့ပြုလုပ်ရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံ စေရေးအတွက် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရန် ထုတ်ပြန်ခဲ့ပါသည်။ 


အဆိုပါပစ္စည်းများပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ရောင်းဝယ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ရာတွင် စားသုံးသူများ ဘေးအ္တရာယ် ကင်းရှင်း ရေးအတွက် သုံးစွဲပုံနှင့် ပတ်သက်သော သတင်းအချက်အလက် များ၊ òန်ကြားချက်များနှင့် အထူးသတိပေးလိုသည့် အကြောင်း အရာများကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြပေးရန် အထူးလိုအပ်ပါ သည်။ သို့မှသာ စားသုံးသူများသည် မည်သို့သုံးစွဲရမည်၊ ဘယ်လို ထားသို သိမ်းဆည်းရမည်၊ ဘယ်ပစ္စည်းတွေနဲ့ ဓာတ်မတည့် ကြောင်း၊ ဘေးထွက်ဆိုးကျိုးဘယ်လိုဖြစ်မည် စသည်ဖြင့် သိရှိ နိုင်မည်ဖြစ်သည်။

 

ညွှန်ကြားချက်များထုတ်ပြန်ထား

ဆိုပါ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံ ရှိ ၅၁ သန်းကျော်သော စားသုံးသူပြည်သူများကို ပိုမိုကာကွယ် ပေးနိုင်ရေး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်နှင့်အညီ နိုင်ငံတကာသတ်မှတ်ချက်များနှင့် ကိုက်ညီ သော လူသုံး၊ အိမ်သုံးပစ္စည်းများ ထုတ်လုပ်၍ နိုင်ငံတကာ ဈေးကွက်သို့ဝင်ရောက် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သက်ဆိုင် ရာဆက်စပ်ဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူ များနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်၍လည်းကောင်း၊ တွေ့ ကြုံရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရေး အတွက်လည်းကောင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မျှတမှုရှိစေရေး အတွက် လည်းကောင်း၊ စားသုံးသူများ ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေး၊ စားသုံးသူ အခွင့်အရေးများ ပြည့်ဝစွာရရှိရေးအတွက် လည်းကောင်း၊ လုပ်ငန်းရှင်များ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက် တတ်သော အလေ့အကျင့်ကောင်းများ ဖွံ့ ဖြိုးတိုးတက်လာစေရေး အတွက် လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် စားသုံးသူကာကွယ်ပေးရေး ဗဟိုကော်မတီ၏ òန်ကြားချက် အမှတ်(၁/၂၀၁၉)ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် òန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်

 

ထိုညွှန်ကြားချက်တွင် စားသုံးသူများ ဘေးကင်းလုံခြုံရေး အတွက် ကုန်စည်များ၌ သုံးစွဲပုံအòန်း၊ ထားသိုသိမ်းဆည်းပုံ အòန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်၊ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ စားသုံးသူများ ဘေးဥပဒ်အ္တရာယ် ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရန် ထင်ရှားစွာ ဖော်ပြပေးရန်နှင့် လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ခြောက်လ အချိန် သတ်မှတ်ပေးထားပြီး ခြောက်လနောက်ပိုင်းတွင်မူ လိုက်နာမှု မရှိပါက စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ် ပေးရေးဥပဒေ (၂၀၁၄)၊ ပုဒ်မ (၁၉)အရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသေးစိတ် ဖော်ပြထားပါသည်။

 

စီးပွားရေးလုပ်ငန်းရှင်များကို နှောင့်ယှက်ခြင်းမဟုတ်

စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းသည် စားသုံးသူ များကိုသာ ကာကွယ်ပေးပြီး စီးပွားရေးလုပ်ငန်းရှင်များကို ဟန့်တားနှောင့်ယှက်သော လုပ်ငန်းမဟုတ်ပေ။ စီးပွားရေး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်းများကို အကာ အကွယ်ပေးပြီး လုပ်ငန်းများ အောင်မြင်တိုးတက်ရန် ကူညီပေး ေ သာ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် စားသုံးသူ အကာအကွယ်ပေးခြင်းလုပ်ငန်းသည် စားသုံးသူများ၏ အခွင့်အရေးများအားပြည့်ဝစွာရရှိရေး၊ ဘေးဥပဒ်အ္တရာယ် ကင်းရှင်း ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့် ဝန်ဆောင်မှု များကို ရယူသုံးစွဲလုပ်ဆောင်နိုင်ရေး၊ ဆုံးရှုံးနစ်နာမှုများကို ကုစားဖြေရှင်းပေးနိုင်ရန် နိုင်ငံတကာစားသုံးသူ စံနှုန်းသတ်မှတ် ချက်များနှင့်အညီ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များအရ ဆောင်ရွက်လျက်ရှိသလို တခြားတစ်ဖက်မှလည်း လုပ်ငန်းရှင်များအား နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များနှင့် အညီ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေး၊ အကြံပြုခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းဈေးကွက် ၌သာမက ပြည်ပဈေးကွက် အထိထိုးဖောက်၍ ဈေးကွက်ချဲ့ထွင်၍ အောင်မြင်မှုများရရှိစေရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါ သည်။ 


စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်း ဆိုသည်မှာ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်း ဥပဒေ၊ အမိန့်òန်ကြားချက်များကို လေးစားလိုက်နာသည်။စားသုံးသူများ၏ လိုအပ်ချက်နှင့် စိတ်ကျေနပ်မှုကို အလေးထား၍ အမြတ်ကြီးစားမပြုလုပ်ဘဲ သင့်တင့်မျှတသော ဈေးနှုန်း သတ်မှတ်၍ ဖြန့်ဖြူးရောင်းချဆောင်ရွက်သည်။ စားသုံးသူများ အပေါ် ရိုးသားဖြောင့်မတ်စွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် စာနာစိတ်ထားကာ ဆောင်ရွက်သည်။ စားသုံးသူများ ဘေးဥပဒ်အ္တရာယ်ကင်းရှင်းရေးကို အဓိကထားသည်။ စားသုံး သူမှ ပေးသောငွေကြေးနှင့် ထိုက်တန်သော အကျိုးရှိမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများပေးနိုင်ရန် အလေးထားသည်။ ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု၊ စားသုံးသူများ ထိခိုက်နစ်နာဆုံးရှုံးမှု များ မဖြစ်စေရေးအတွက် ဂရုတစိုက် ဆောင်ရွက်သည်။ စားသုံးသူများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ပွင့်လင်း မြင်သာမှုရှိစွာ ဆောင်ရွက်သည်။ လုပ်ငန်းရေရှည်တည်တံ့ ရပ်တည်နိုင်ရေးအတွက်သာ ဆောင်ရွက်သည် စသည့်အချက် များဖြင့် ပြည့်စုံရန် လိုအပ်ပါသည်။

 

လုပ်ငန်းရှင်များတွင် တာဝန်ရှိ
ဆိုလိုသည်မှာ လုပ်ငန်းရှင်များသည် စားသုံးသူများ၏ ရပိုင်ခွင့်များကို လက်ခံအသိအမှတ်ပြု၍ ရိုးသားဖြောင့်မတ်စွာဖြင့် အကောင်းဆုံးသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ် ဆောင်ရွက်ပြီး စတင်ထုတ်လုပ်ဆောင်ရွက်သည့် အချိန်မှစ၍ စားသုံးသူပါးစပ်ထဲ ရောက်သည်အထိ ထုတ်လုပ်၊ သယ်ပို့၊ ဖြန့်ဖြူး၊ ရောင်းချသည့် အဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် စားသုံးသူများ၏ စိတ်ကျေနပ်မှုရရှိစေရေးအတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးစစ်မှန်၊ အချိန်မှန်စွာဖြင့် ပြုလုပ်ပေးရန် တာဝန်ရှိကြောင်း ဆိုလိုခြင်း ဖြစ်ပါသည်။


စားသုံးသူများသည် လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်း များ ဖွံ့ ဖြိုးတိုးတက်အောင်မြင်ရန် အကူအညီပေးနေသော အရှင်သခင်များ ဖြစ်ကြသည်ကို သတိမူသင့်ပါသည်။ နှစ်ဆယ့် တစ်ရာစုခေတ် စားသုံးသူများသည် လူသုံး၊ အိမ်သုံးနှင့် ဝန်ဆောင်မှုလုပ်ငန်းများရယူ သုံးစွဲရာတွင် အကျိုးရှိခြင်း၊ ရေရှည် အသုံးခံခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံစွာပါရှိခြင်း၊ ဘေးဥပဒ်အ္တရာယ် ကင်းရှင်းခြင်း စသည့်အချက်များကို အလေးပေးကာ ရွေးချယ်ဝယ်ယူကြသည်ကို တွေ့ရှိရပါသည်။ လူကြီး၊ လူငယ်၊ ကလေးနှင့် ယောကျာ်း၊ မိန်းမ စသည့် အသက် အရွယ်အပိုင်းအခြားအလိုက် စိတ်ကျေနပ်မှု ရရှိခြင်းလည်း တူညီနိုင်မည် မဟုတ်ပေ။ စီးပွားရေးလုပ်ငန်းရှင်များသည် ရာသီဥတု၊ အချိန်အခါ၊ အသက်အရွယ်အလိုက် စိတ်ကျေနပ် မှုရရှိစေရန် ဆောင်ရွက်ကြမှသာလျှင် ရေရှည်တည်တံ့၍ အောင်မြင်နိုင်မည့် လုပ်ငန်းတစ်ခုကို တည်ထောင်ရာ ရောက်ပေမည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာ ဦးစီးဌာနသည် ခေတ်၊ စနစ်များနှင့် အညီ စားသုံးသူ များကို အကာအကွယ်ပေးနိုင်ရေး၊ ဆုံးရှုံးနစ်နာမှုများကို ကုစား ဖြေရှင်းနိုင်ရေး၊ လုပ်ငန်းရှင်များ လူသုံး၊ အိမ်သုံးပစ္စည်းများ ထုတ်လုပ်၊ တင်ပို့၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရာတွင် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်း ဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ချဲ့ထွင်ထိုးဖောက် နိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ òန်ကြားချက်များ ထုတ်ပြန်၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ စားသုံးသူများ ကို ကာကွယ်ပေးရင်း လုပ်ငန်းရှင်များ ရေရှည်အကျိုးဖြစ်ထွန်း စေရန် ဆောင်ရွက် ပေးနေခြင်းဖြစ်ပါသည်။ မည်သူ့ကိုသာစေ၊ မည့်သူ့ကိုနာစေဆို၍ အမိန့်များကို အလျင်စလို ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပေ။ သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ ပညာရှင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း အဖြေရှာ၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ရယူကာ ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ ၅၁ သန်းကျော်သော စားသုံးသူများ၊ လုပ်ငန်းရှင်များ အကျိုးအတွက်သော်လည်းကောင်း၊ ပြည်သူများ သာယာဝပြော သော ပတ်ဝန်းကျင်ကောင်းတွင် သက်တမ်းစေ့နေနိုင်ရေးအတွက် လည်းကောင်း၊ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်ရန်အတွက်လည်ကောင်း၊ နိုင်ငံတကာတွင် ကျင့်သုံး လျက်ရှိသော သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် လည်းကောင်း၊ ထိခိုက်နစ်နာဆုံးရှုံးမှုများကိုမဖြစ်ခင် ကြိုတင် ကာကွယ်နိုင်ရေးအတွက်လည်းကောင်း ညွှန်ကြားချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

 

စားသုံးသူများဘက်ကလည်း အထူးသတိထားဖို့လို

သို့ရာတွင် ရည်ရွယ်ချက်ကောင်းများဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအဖြစ်သော်လည်း ဌာနတစ်ခုတည်း အနေဖြင့် ဆောင်ရွက်ပါက ထိုက်သင့်သလောက် အောင်မြင်မှု ရရှိမည် ဖြစ်သော်လည်း အချိန်ရှည်ကြာပေမည်။ ၅၁ သန်းကျော် သောပြည်သူများ ထိခိုက်နစ်နာ၊ သေဆုံးမှုများဆက်လက်ဖြစ်ပေါ်နိုင်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူများ အကျိုးအတွက် ထုတ်ပြန်သော òန်ကြားချက်ကို ပြည်သူများဖြစ်သည့် စားသုံး သူများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ဆက်စပ်ဌာနများအားလုံးမှ လက်တွဲ၍ ပူးပေါင်းဆောင်ရွက်မှ သာလျှင် အချိန်တိုအတွင်း အောင်မြင်နိုင်မည့် òန်ကြားချက် တစ်ခုဖြစ်၍ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက် လိုက်နာလုပ် ဆောင်ကြရန် လိုအပ်ပါသည်။


သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များသည် ၅၁ သန်းကျော် သော ပြည်သူများအကျိုးအတွက် ထုတ်ပြန်ထားသော၊ တိုက်တွန်းထားသော òန်ကြားချက်နှင့်အညီ ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း ပြုလုပ်ရာတွင် စားသုံးသူများ ဘေးကင်း လုံခြုံမှုရှိစေရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအòန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက် ဆိုးကျိုးများ နှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များ ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော အရွယ်အစားဖြင့် ဖော်ပြပေးရန်၊ စားသုံးသူသို့ လက်လီရောင်းချ မည့် ကုန်စည်ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြပေးရန်၊ ကုန်စည် ပေါ်တွင် အချက်အလက်ဖော်ပြရန် မဖြစ်နိုင်ပါက လက်ကမ်း စာစောင်၊ အòန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူ သို့ တစ်ပါတည်းပေးအပ်ရန်၊ ပြည်ပမှ တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်ဖြစ်ပါက ဈေးကွက်ဖြန့်ဖြူးခြင်း မပြုမီ ထပ်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ် အသုံးပြုခြင်းပြုလုပ်၍ ပြုပြင် ရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏ လိုက်နာရန် òန်ကြားချက် များနှင့်ပတ်သက်၍ ဖော်ပြရန်အချက်များအား မြန်မာဘာသာ ဖြင့် ဖော်ပြရန်လိုအပ်မည်ဖြစ်ပါသည်။ စားသုံးသူများမှလည်း မိမိသက်ရှည်၊ ကျန်းမာရေးအတွက် ထုတ်ပြန်ထားသော òန်ကြားချက်အတိုင်း လိုက်နာကူညီပေးကြရန် တိုက်တွန်းအပ်ပါ သည်။ သို့မှသာ စားသုံးသူများ ဘေးဥပဒ်အ္တရာယ်ကင်းရှင်းကာ ဆုံးရှုံး နစ်နာမှုများ ကင်းဝေး၍ ငြိမ်းချမ်းပျော်ရွှင်သော ပတ်ဝန်းကျင်ကောင်းတွင် ကျန်းမာစွာဖြင့် သက်တမ်းစေ့ နေထိုင်သွားနိုင်မည် ဖြစ်ပါကြောင်း စေတနာရှေ့ထား၍ တိုက်တွန်းအပ်ပါသည်။ မြန်မာ့အလင်း