နေပြည်တော်၌ ကျင်းပလျက်ရှိသည့် "စာတတ်သူတိုင်း စာဖတ်ရေး" လှုပ်ရှားမှုအခမ်းအနား ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို ဒီဇင်ဘာ ၂၂ ရက်အထိ တစ်ရက်တိုး၍ ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပလျက်ရှိရာ ယခုအခါ ဝန်ထမ်းများနှင့် စာမေးပွဲများ ဖြေဆိုအပြီး လာရောက်လေ့လာလိုသည့် ကျောင်းသားကျောင်းသူများ၏ မေတ္တာရပ်ခံချက်အရ အထူးအစီအစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက် (စနေနေ့) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ "စာတတ်သူတိုင်းစာဖတ်ရေး" လှုပ်ရှားမှုအခမ်းအနား ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို ဆက်လက်ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)