၂၇ မတ်

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ထိုင်း နိုင်ငံရေးပါတီ ၇ ပါတီက ဒီကနေ့ (ဗုဒ္ဓဟူးနေ့)မှာ မဟာမိတ်ဖွဲ့လိုက်ကြောင်း သိရပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပါတီကို အပြီးတိုင်ဖျက်သိမ်းသွားရေး အတွက် အခုလိုလုပ်ဆောင်တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်း စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေ ထုတ်ပြန်ဖို့ရှိနေသေးပေမယ့် ထိုင်းနိုင်ငံမှာ အဓိက ပြိုင်ဘက်ပါတီကြီး နှစ်ခုမှာ အစိုးရဖွဲ့ပိုင်ခွင့် ရှိနေကို တွေ့ရပါတယ်။

နိုင်ငံရေးပါတီ ၇ ပါတီရဲ့ မဟာမိတ်အဖွဲ့ကို ဖူရာထိုင်းပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ရန် လွှတ်တော် အမတ်နေရာ အပြည့်ရှိနေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဖူရာထိုင်းပါတီဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝပ်ထွာနဲ့ ဆက်နွယ်တဲ့ ပါတီဖြစ်ပြီး ၂၀ဝ၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရတဲ့ ပါတီဖြစ်ပါတယ်။

 

mdn

 

မဟာမိတ် အဖွဲ့ထဲမှာ လူငယ်တွေရဲ့အရေးကို ဦးစားပေးတဲ့ Future Forward ပါတီလည်း ပါဝင်တာ ကိုတွေ့ရပါတယ်။ Future Forward ပါတီခေါင်းဆောင် ဘီလီယံနာသူဌေးက အောက်လွှတ်တော်မှာ အမတ်အရေအတွက် ၅၀ဝ ရှိတဲ့အတွက် တစ်ဝက်ကျော်သာ ရရှိခဲ့ရင် အစိုးရဖွဲ့စည်းနိုင်ပါတယ်။ သည့်အတွက် မဟာမိတ်အဖွဲ့မှာ လွှတ်တော်အမတ်နေရာ ၂၅၅ နေရာရှိနေပြီဖြစ်တဲ့အတွက် အစိုးရဖွဲ့စည်းတာဖြစ်ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။

ဒါပေမယ့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ပရာဝတ်ဝမ်စုဝမ်က ရွေးကောက်ပွဲကော်မရှင်က ရလဒ်အပြည့်အစုံကို မေ ၉ ရက်မှာ ကြေငြာမှာဖြစ်တယ်။ အဲဒီအထိ စောင့်ပြီးမှသာ အစိုးရအဖွဲ့ ဖွဲ့စည်းရမှာဖြစ်တယ်။ အခုတော့ နိုင်ငံငံရေးပါတီတွေ စကားပြော ဆွေးနွေးလို့သာရကြောင်း ပြောပါတယ်။

MDN
ကိုးကား - AFP

 

mdn