ဖာပွန်  ၂၂   ဧပြီ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် စစ်ဗျူဟာအဖွဲ့ အ​ခြေချ(ဖာပွန်)မှ ခရိုင်ပြည်သူ့​ဆေးရုံ (ခုတင်-၁၀၀)နှင့် တပ်မ​တော်စစ်​ဆေးရုံတို့တွင် တက်​ရောက်​​ ဆေးကုသမှုခံယူ​နေ​သော လူနာများအား အာဟာရဖြည့် အစားအစာများ ​​ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းခြင်းကို စစ်ဗျူဟာအဖွဲ့အ​ခြေချ(ဖာပွန်)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ​ကျော်စွာမြင့် ဦးဆောင်၍ တပ်ရင်းတပ်ဖွဲ့ မိသားစု​များက ခုတင်-၁၀၀ ပြည်သူ့​ဆေးရုံတွင် ​ဆေးကုသမှုခံယူ​နေ​သော လူနာ(၂၅)ဦးနှင့် တပ်မ​တော်စစ်​ဆေးရုံတွင် ​ဆေးကုသမှု ခံယူ​နေ​​သော လူနာ(၁၅)ဦး စုစု​ပေါင်းလူနာ(၄၀) ဦးအတွက် တစ်ဦးလျှင် နွားနို့၊ ကြက်ဥပြုတ်၊ ငှက်​ပျောသီး၊ ပဲဟင်း၊ လက်ဖက်ရည်ထုပ်နှင့် ​ခေါက်ဆွဲခြောက် စသည့် အာဟာရဖြည့်အစားအစာ ပစ္စည်း(၆)မျိုးစီဖြင့် ​​လူနာများလက်ဝယ်အ​ရောက်​ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စိုင်း​ကျော်ဝဏ္ဏ၊ တိုး​ဝေဇင်(ပြန်ဆက်)