စစ်ကိုင်း ၂ စက်တင်ဘာ
စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုးရှိ ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆီ၊ ဆား၊ ဆေး လှူဒါန်းသွားမည်ဖြစ်ကြောင်း သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော် ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။
ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္နမှ ဦးစီးဆောင်ရွက်၍ တပည့် ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ (၁၅) အကြိမ်မြောက် သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော် ပထမနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက်ရှိ လေးကျွန်းမာန်အောင် စေတီတော်ဝန်းအတွင်း စတင်ကျင်းပလောင်းလှူလျက်ရှိကြောင်း သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော်ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။
(၁၅)အကြိမ်မြောက် သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော် ပထမနေ့အဖြစ် ယနေ့တွင် စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးမှ ကျောင်း၊ ချောင် ၉၅၂ ကျောင်းက သုဓမ္မာဂိုဏ်းဝင် သံဃာတော်များနှင့် သီလရှင် စုစုပေါင်းအပါး (၁၁၇၇၄) တို့ကို တစ်ပါးလျှင် ဆီ၊ ဆား တပိဿာနှုန်းစီ နှင့် ဆေးမျိုးစုံ ငါးမျိုးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပြီး စက်တင်ဘာလ ၁၅ ရက်နေ့ တွင် စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး၊ စစ်ကိုင်းမြို့မနှင့် မင်းကွန်းတောင်ရိုးရှိ ကျောင်း၊ ချောင် (၆၂၄)မှ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များနှင့် သီလရှင် စုစုပေါင်းအပါး (၉၇၅၀)တို့ကို တစ်ပါးလျှင် ဆီ၊ဆား တပိဿာနှုန်းစီနှင့် ဆေးမျိုးစုံ ငါးမျိုးတို့ကို ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော် အမည်ဖြင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္နမှ ဦးစီးဆောင်ရွက်၍ တပည့် ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းကာ နှစ်စဉ် စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုးကြီး သုံးရပ်နှင့် စစ်ကိုင်းမြို့မတို့၌ သတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင် သူတော်တို့အား ဆီ၊ ဆား၊ ဆေးများ လှူဒါန်းလျက်ရှိရာ ယခု အကြိမ်မြောက်သည် (၁၅)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော် ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။
(၁၄ ကြိမ်)မြောက် သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော်တွင် စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုးကြီး သုံးရပ်နှင့် စစ်ကိုင်းမြို့မတို့ရှိ သံဃာတော်၊ သီလရှင်ကျောင်း၊ ချောင် (၁၆၁၂)မှ ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၁၉၈၂၉) ပါးကို လောင်းလှူခဲ့ပြီး ယခုနှစ် (၁၅)ကြိမ်မြောက်တွင် ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၂၁၅၂၄) ကျော်ကို လောင်းလှူသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုးကြီး သုံးရပ်နှင့် စစ်ကိုင်းမြို့မတို့၌ သတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင် သူတော်တို့ကို ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္နမှ ဦးစီးဆောင်ရွက်၍ တပည့် ဒါယိကာ၊ ဒါယိကာမများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော်အမည်ဖြင့် ဆီ၊ ဆား၊ ဆေးများကို လှူဒါန်းသကဲ့သို့ မန္တလေး၊ မုံရွာ၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ရန်ကုန်စသည့် မြို့ကြီးများရှိ ဆရာတော်၊ သံဃာတော်၊ သီလရှင်များကို ဆီ၊ ဆား၊ ဆေးများ လှူဒါန်းလျက်ရှိကြောင်း သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော်ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။
လူအောင်(ကသာ)


